ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းမှာ ဂျူဗင်တပ်က မိုနာကိုအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်ဖို့ အခွင့်အရေး များနေခဲ့ပါပြီ။ သုံးနှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေခဲ့ပါပြီ။

play

 

ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျူဗင်တပ်ဟာ ရီးရဲလ်မက်ဒရစ်ထက်ကို ကျော်လွန်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားဆုံးအသင်းဆိုတာ သက်သေပြနေတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ ပွဲကြပ်မရှိခြင်း၊ စိတ်ဓါတ်ပြင်းပြနေခြင်း

play

 

လက်ရှိစီးရီးအေ ထိပ်ဆုံးမှာ ဂျူဗင်တပ်က ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာ ရိုးမားအသင်းကို ကိုးမှတ်ဖြတ်ထားပါတယ်။ လက်ကျန်လေးပွဲသာ ကစားရတော့မှာဖြစ်လို့ ဂျူဗင်တပ်က စီးရီးအေမှာ ဗိုလ်စွဲဖို့ သေချာသလောက်ဖြစ်နေပါပြီ။ ဒီတော့ ချန်ပီယံလိဂ်ကို ကောင်းကောင်းအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ ကိုပါအီတာလီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်နေပေမယ့်လည်း ဇွန်လဆန်းလောက်မှ ကစားရမှာဖြစ်လို့ အေးဆေးပါ။ ဒီတော့ လတ်တလော ဂျူဗင်တပ် အာရုံစိုက်စရာ ရှိတာ ချန်ပီယံလိဂ်သာ ရှိပါတော့တယ်။

၂။ အသင်းလူစာရင်း ဟန်ချက်ညီခြင်း

play

 

ဘိုနုချီနဲ ချီလီနီတို့ကို ဝါရင့်ခံစစ်ကစားသမား နှစ်ဦးနဲ့အတူ ဂျူဗင်တပ်ဂိုးပေါက်ကို လက်ရှိကမ္ဘာ့အကောင်းဆုံးဘူဖွန်က တာဝန်ယူနေတာပါ။ ဘာစီလိုနာ ကစားသမားဟောင်း အဲလ်ဗက်စ်နဲ့ ဆန်ဒရိုတို့လည်း ရှိနေပါသေးတယ်။ အသင်းရဲ့ ကွင်းလယ်ဗဟိုမှာလည်း ခီဒီယာနဲ့ ဂျာနစ်တို့ ရှိနေပြီး ဂျာနစ်က ပီယာလိုနေရာကို ကောင်းကောင်းဆက်ခံနိုင်တဲ့ ကစားသမားဖြစ်နေပါတယ်။ နောက်ထပ်အားသာချက်က တိုက်စစ်ဖြစ်ပါတယ်။ ဟီဂူအင်နဲ့ ဒိုင်ဘာလာတို့ နှစ်ဦးလုံး ဒီနှစ်မှ ခြေစွမ်းပြနေတာပါ။

၃။ အယ်လီဂရီနဲ့ နည်းစနစ်

play

 

၂၀၁၄ ခုနှစ်မှာ နည်းပြအယ်လီဂရီက ဂျူဗင်တပ်အသင်းကို ကွန်တီထံကနေ လွှဲပြောင်းလက်ခံခဲ့တာပါ။ ၂၀၁၄-၁၅ ခုနှစ်မှာပဲ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့လို့သာ ချန်ပီယံ မဖြစ်ခဲ့တာပါ။ အထူးသဖြင့် ဂျဗင်တပ်အသင်းမှာ နည်းပြ အယ်လီဂရီဟာ ကွင်းလယ်ကစားသမား ဂျာနစ်နဲ့ ဟီဂူအင်တို့ကို ကောင်းကောင်းအသုံးချနိုင်နေတာ တွေ့ရပါတယ်။ နောက်တစ်ချက်က အဲဗက်စ်ပါ။ အဲဗက်စ်ဟာ အယ်လီဂရီရဲ့ ကစားကွက်မှာ အကောင်းဆုံးအံဝင်နေပြီး သူ့အတွက် ဂျူဗင်တပ်နဲ့ ပထမဆုံးရာသီမှာတောင် ၂၈ ပွဲကစားကာ လေးဂိုးသွင်းပြီး ခြောက်ဂိုး  ဖန်တီးနိုင်သူ ဖြစ်လာပါတယ်။

၎။ ခြေစွမ်းတက် တိုက်စစ်

play

 

ဂျူဗင်တပ်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေတာ ဟီဂူအင်နဲ့ ဒိုင်ဘာလာ ဖြစ်ပါတယ်။ ဟီဂူအင်က ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၂၃ ဂိုးသွင်းထားပြီးပါပြီ။ ဒိုင်ဘာလာက ကိုးဂိုးသွင်းထားပါတယ်။ သူတို့နှစ်ဦးပေါင်း ၃၂ ဂိုးသွင်းထားတာဖြစ်လို့ ဂျူဗင်တပ်တစ်သင်းလုံးရဲ့ ဒီရာသီစုစုပေါင်းသွင်းဂိုး ၅၀ ရာခိုင်နှုန်း နီးပါးရှရိပါတယ်။ ချန်ပီယံလိဂ်မှာ ဒီနှစ်ဦး သွင်းဂိုးပေါင်းက ၉ ဂိုးအထိရှိနေပြန်ပါတယ်။

၅။ စိတ်ချရတဲ့ ခံစစ်

play

 

ချန်ပီယံလိဂ် ၁၁ ပွဲကစားခဲ့ရာမှာ ဂျူဗင်တပ်အသင်းက နှစ်ပွဲသာ ဂိုးပေးခဲ့ရပါတယ်။ လက်ရှိ ချန်ပီယံလိဂ်မှာ အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီခံစစ်ကို ပိုင်ဆိုင်ထားလို့ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ခံစစ်ဖြစ်နေတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video