play

 

အီရန်ကျောင်းသားတစ်ဦးဟာ ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီနဲ့ ရုပ်ချင်းအလွန်ဆင်တဲ့အတွက် ရဲစခန်းကတောင် ခေါ်ယူမေးမြန်းခြင်းခံခဲ့ရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီရန်ကျောင်းသားဟာ မက်ဆီနဲ့ သိပ်တူလွန်းတဲ့အတွက် လမ်းမှာတွေ့သူတွေက ဓာတ်ပုံရိုက်ဖို့ အမြဲတောင်းဆိုခံရလေ့ရှိပါတယ်။ မက်ဆီနဲ့ တူလွန်းတဲ့ ကျောင်းသားဟာ ရီဇာပါရာစတက်ခ်ျလို့ အမည်ရကြောင်းသိရပါတယ်။ သူလမ်းထွက်လာရင် လူတွေရဲ့ အာရံစိုက်မှုကို ခံရလေ့ရှိပြီး ပရမ်းပတာအခြေအနေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းဖို့အတွက် ရီဇာကို ခေတ္တခေါ်ယူထိန်းသိမ်းကာ မေးခွန်းတွေမေးမြန်းခဲ့ကြောင်း သိရပါတယ်။

play

 

လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ ရီဇာရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့သားကို မက်ဆီနဲ့တူတဲ့ဆံပင်ပုံဆံ ညှပ်ပေးလိုက်ပြီး ဘာစီလိုနာအင်္ကျီဝတ်ကာ ဓာတ်ပံရိုက်ပေးလိုက်ပါတယ်။ " အခု လူတွေက ကျွန်တော့်ကို အီရန်မက်ဆီလို့ သဘောထားပြီး မက်ဆီလုပ်သမျှ အကုန်လိုက်လုပ်ခိုင်းကြတယ်။ ကျွန်တော်လူကြားထဲ တစ်နေရာရာ ရောက်သွားပြီဆိုရင် လူတွေအလန့်တကြားဖြစ်ကုန်ကြရော။ လူတွေပျော်နေတာကို ကြည့်ရတာ ကျွန်တော်ပျော်ပါတယ်။ ကိုယ့်အတွက်လည်း ခွန်အားတွေဖြစ်လာတယ်လေ" လို့ ရီဇာက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

play

 

နာမည်ကျော်လာပြီးတဲ့နောက် အီရန်မက်ဆီဟာ မီဒီယာတွေနဲ့လည်း အင်တာဗျူးတွေပြည့်နှက်နေလျှက်ရှိပြီး လူမှုကွန်ယက်မှာလည်း သူ့အကြောင်း လူပြောများလျှက်ရှိပါတယ်။

Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video