AD
AD
AD

ဘောလုံးအသင်းတစ်သင်း အောင်မြင်မှုရဖို့ဆိုရင် ကစားသမား ၁၁ ဦးကောင်းနေရုံနဲ့ မရပါဘူး။ လူစားဝင် ကစားသမားစာရင်းမှာပါ အရည်အသွေးပြည့်မီတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။

လက်ရှိဘောလုံးရာသီအခြေအနေကို အကဲဖြတ်ပြီး ဥရောပဘောလုံးအသင်းတွေထဲက လူအင်အား အတောင့်တင်းဆုံး အသင်း (၅) သင်းစာရင်းကို အဆင့်သတ်မှတ်ပေးထားပါတယ်။ ထူးခြားတာကတော့ ဘာစီလိုနာနဲ့ မန်ယူအသင်းတို့က ထိပ်ဆုံးဆယ်သင်း စာရင်းမှာသာပါပြီး ငါးသင်းစာရင်းထဲမှာ မပါဝင်ပါဘူး။

၅။ ချယ်လ်ဆီး

play

 

ပရီးမီးယားလိဂ်ချယ်ဆီးအသင်းရဲ့ လူစာရင်းက ဥရောပအတောင့်တင်းဆုံး ဘောလုံးအသင်းတွေထဲ နံပတ် - ၅ ချိတ်ပါတယ်။ သုံးလေးသုံးအခြေခံတဲ့ နည်းပြကွန်တီရဲ့ ကစားကွက်အရ တိုက်စစ်မှာ ဟာဇက်၊ ကော်စတာ၊  ပက်ဒရို၊ ကွင်းလယ်မှာ အလွန်ဆို၊ မာတစ်၊ ကန်တေနဲ့ မော့ဆက်၊ နောက်တန်းမှာ ကာဟေးလ်၊ ဒေးဗစ်လုဇ်၊ အက်ဇ်ပီလီကွယ်တာတို့အပြင် ဘယ်လ်ဂျီယံဂိုးသမား ကော့တွစ်လည်း ရှိနေလို့ နံပတ်-၅ နေရာ ရှိနေါပတယ်။  အရန်စာရင်းမှာ ဖာဘရီဂတ်စ်၊ တယ်ရီ၊ ဇူးမားတို့ ကျန်ပါသေးတယ်။

 

၎။ ဘိုင်ယန်မြူးနစ်

play

 

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကတော့ အတောင့်တင်းဆုံး လူစာရင်းမှာ အဆင့်-၄ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး၊ ရီဘာရီ၊ မူလာ၊ ရော်ဘင်တို့က ပွဲထွက်လာစာရင်းမှာ ပါနေတဲ့အပြင် ပေါ်တူဂီကြယ့်ပွင့်ကစားသမား ဒေါက်ဂလက်စ်၊ ဇာဗီအလွန်ဆိုတို့က အရန်စာရင်းမှာ ပါဝင်နေပါသေးတယ်။ ဒီအသင်းရဲ့ အကောင်းဆုံးအပိုင်းက ကွင်းလယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်စစ်တမ်းမှာ ပါရှိပါတယ်။

 

၃။ ပီအက်စ်ဂျီ

play

 

နံပတ် ၃ နေရာမှာ ရှိနေတာကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျ မရှိတော့ပေမယ့် ဒီမာရီယာ၊ ကာဗာနီ၊ လူးကပ်စ်မော်ရာတို့ရဲ့ တိုက်စစ်နဲ့အခြေအနေကောင်းနေဆဲပါ။ ဘာစီလိုနာကို ချန်ပီယံလိဂ်မှာ ပထမအကျော့ လေးဂိုးသွင်းခဲ့တာကိုကြည့်ရင် ပီအက်စ်ဂျီကို သိနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ ဖြစ်ရပ်ကို ကြုံရပြီး ပီအက်စ်ဂျီဟာ ဒုတိယအကျော့မှာ ခြောက်ဂိုးပြန်ပေးလိုက်ရပါတယ်။ ပီအက်စ်ဂျီရဲ့ အကောင်းဆုံးအပိုင်းကတော့ ကွင်းလယ်ဖန်တီးမှုအပိုင်းလို့ ဆိုပါတ်ယ။

 

၂။ ဂျူဗင်တပ်

play

 

ဒီရာသီမှာ အကောင်းဆုံးအသင်းဖြစ်ပြီး ဖလားသုံးလုံးရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်ရဲ့ လူစာရင်းဟာ ထိပ်တန်းကောင်းပေ့ညွန့်ပေ့ဆိုတဲ့ လူစာရင်းမျိုးတော့မဟုတ်ပါဘူး။ အသင်းကြီးတွေမှာ အံမဝင်သူ ထိပ်တန်းအဆင့်ရှိ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မျှတအောင် ပေါင်းစပ်ထားတာပါ။ ထူးခြားတာကတော့ ခံစစ်ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း နှစ်ပွဲသာ ဂိုးပေးထားရပါတယ်။ ချီလီနီ၊ ဘိုနုချီ၊ အဲလ်ဗက်စ်၊ ဆန်ဒရိုတို့ရဲ့ နောက်တန်းအပြင် ဂိုးသမားဘူဖွန်ပါ ပေါင်းစပ်လိုက်လို့ ဂျူဗင်တပ်ရဲ့ အကောင်းဆုံးအပိုင်းဟာ ခံစစ်ဖြစ်လာပါတယ်။

 

၁။ ရီးရဲလ်မက်ဒရစ်

play

 

လူအင်အားအတောင့်တင်းဆုံးကတော့ ရီးရဲလ်မက်ဒရစ်လို့ ဖော်ပြနေပါတယ်။ လူတိုင်းသိတဲ့ ဂါရက်ဘေးလ်၊ ဘင်ဇီမား၊ ရော်နယ်ဒို တိုက်စစ်ကို လူကာမိုဒရစ်၊ တိုနီခရူးစ်၊ ကက်ရှ်မီယိုတို့လို တိုက်စစ်အားသန်သူတွေ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အသင်းမှာ အင်အားအကောင်းဆုံးအပိုင်းက တိုက်စစ်လို့ ဒီစာရင်းထဲမှာ ဖော်ပြထားပါတယ်။ အရန်စာရင်းမှာ မိုရာတာ၊ ရိုဒရီဂွက်ဇ်၊ အစ္စကို၊ ကွန်ထရာအို စတဲ့ ကစားသမားတွေ ရှိနေပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD