ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်အသင်း ကံမကောင်းစွာနဲ့ ဗိုလ်လုပွဲရှုံးနိမ့်မှုတွေကို ဒီနှစ်တော့ အဖြစ်မခံ နိုင်တော့ဘူးလို့ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ပြောကြားလိုက်ပါတယ်။

play

ဂျူဗင်တပ်အသင်းက မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ် ကစားရဦးမှာဖြစ်ပြီး ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့မှာပဲ မိုနာကိုအသင်းအိမ်ကွင်းမှာ ဂျူဗင်တပ်က ၀-၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတာပါ။ ဒါပေမယ့် ဂျူဗင်တပ်အသင်း ဗိုလ်လုပွဲရောက်ခဲ့ရင် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ရဖို့များနေတာကြောင့် အသင်းအတွက် ပွဲကျပ်တစ်ပွဲ ဖြစ်လာဖွယ်ရှိပါတယ်။

play

 

 ဂျူဗင်တပ်အသင်းက ၂၀၁၅ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ရှုံးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ်တုန်းကလည်း ဂျူဗင်တပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ပြည်တွင်းပြိုင်ဘက် အေစီမီလန်အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် နာကျင်မှုတွေကို ဒီနှစ်တော့ ဂျူဗင်တပ်အသင်းအနေနဲ့ ရပ်တန့်နိုင်အောင် ကြိုးစားမယ်လို့ ဂိုးသမား ဘူဖွန် ကပြောပါတယ်။

play

 

" တန်ပြန်တိုက်စစ်ကတဆင့် ကျွန်တော်တို့ဟာ လီယိုနယ်မက်ဆီရဲ့ ဂိုးကို ခွင့်ပြုပေးလိုက်ရတယ်။ အဲဒီဂိုးကို ကျွန်တော်မေ့ဖျောက်ပြီး ပြန်ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဆွာရက်ဇ်နောက်တစ်ဂိုး ထပ်သွင်းသွားခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ပင်နယ်တီနဲ့ ရှုံးခဲ့တာကလည်း တကယ်နာကျင်ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ၂၅ နှစ်ပဲရှိသေးလို့ နောက်ထပ်အောင်မြင်မှုတွေ အများကြီး ရနိုင်သေးတယ်လို့ ဖြေတွေးခဲ့ရတယ်။ ရှုံးခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ မကောင်းခဲ့လို့ မဟုတ်ပါဘူး။ အားကစားနဲ့ ဘဝဆိုတာ တစ်ခါတစ်လေ အဲလိုပါပဲ။ ပိုပြီးထိုက်တန်ပေမယ့် မရတာမျိုးတွေရှိပါတယ်" လို့ ဘူဖွန်က မိုနာကိုနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲမတိုင်ခင် ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video