play

 

မိုနာကိုအသင်းကို နှစ်ကျော့ပေါင်း ၄-၁ ဂိုးနဲ့အနိုင်ရပြီးနောက် ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်ဇူကစ်၊ အဲလ်ဗက်စ်တို့ရဲ့ ဂိုးတွေနဲ့ ဂျူဗင်တပ် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပရိသတ်တွေသတိမထားမိလိုက်တဲ့ ဖြစ်ရပ် ငါးခု ရှိပါတယ်။

play

 

၁။ ပွဲစခါနီးမှ လူစားလဲလိုက်ရတဲ့ မိုနာကို

မိုနာကိုအသင်းဟာ ဒီနေ့ပွဲထွက်စာရင်းကို စီိစဉ်ထားတဲ့အတိုင်း လူထုတ်ခဲ့ရတာမဟုတ်ပါဘူး။ ပွဲစခါနီးမှ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း တောင်ပံကစားသမား နာဘီးလ်ဒင်ဘာ ဒဏ်ရာရသွားတဲ့အတွက် မန်ဒီနဲ့ လူစားလဲလိုက်ရပါတယ်။ လူပြောင်းလိုက်ရတာကြောင့် ကစားကွက်လည်း နည်းနည်းပြောင်းလိုက်ရပါတယ်။ မိုနာကိုအတွက် မထင်မှတ်ပဲ ဖြစ်လာတဲ့ အခက်အခဲ ဖြစ်ပါတယ်။

play

 

၂။ အမ်ဘက်ပေး

မိုနာကို တိုက်စစ်မှူးလေး အမ်ဘက်ပေးဟာ အသင်းရှုံးပေမယ့် စံချိန်တစ်ခုကိုတော့ ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာတာပါ။ အမ်ဘက်ပေးက အသက် ၁၈ နှစ်သာရှိပါသေးတယ်။ အချိန်အတန်ကြာ ချန်ပီယံလိဂ်မှာ ဂိုးမပေးရတဲ့ ဂျူဗင်တပ်ဘက်ကို ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

၃။ ဒဲလ်ပီယာရို ပြန်လာပြီ

ဂျူဗင်တပ်ကစားသမားဟောင်း ဒဲလ်ပီယာရိုပြန်လာတာတွေ့ရပါတယ်။ အသင်းအတွက် ပြန်ကစားပေးဖို့တော့မဟုတ်ပါဘူး။ အသင်းကို အားပေးဖို့ပါ။ မိုနာကိုကွင်းမှာ သွားကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဒဲလ်ပီယာရို လာမကြည့်နိုင်ခဲ့ပါဘူး။ အခု ဂျူဗင်တပ်အိမ်ကွင်းမှာ ကစားတဲ့ပွဲစဉ်ကိုတော့ မိုင်းပေါင်ထောင်ချီဝေးတဲ့ ကယ်လီဖိုးနီးယားကနေ လာကြည့်ခဲ့ကြောင်း သိရပါတယ်။

၎။ အနိုင်ဂိုးသီချင်း

ဘောလုံးအသင်းတွေက အိမ်ကွင်းမှာ ကစားရတဲ့အခါ ကိုယ့်အသင်း ဂိုးသွင်းပြီးရင် အောင်ပွဲခံ သီချင်းခဏဖွင့်လေ့ရှိပါတယ်။ အခု ပွဲမှာ ဂျူဗင်တပ်အသင်းအတွက် မန်ဇူကစ် အဖွင့်ဂိုးသွင်းပြီးတဲ့အခါမှာ ဖွင့်လိုက်တဲ့သီချင်းက ချယ်လ်ဆီးအသင်းနာမည်ပါတဲ့ " Chelsea Dagger " ဖြစ်ပါတယ်။ စကော့တလန် ရော့ခ်ဂီတအဖွဲ့ရဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းက အခုဆိုရင် အသင်းအတော်များများ အောင်ပွဲခံသီချင်းအဖြစ် ယူသုံးနေကြပါပြီ။

play

 

၅။ အဲလ်ဗက်စ်

အဲလ်ဗက်စ်က ဂျူဗင်တပ်အသင်းအတွက် ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်မှာလည်း အဲလ်ဗက်စ်က ဂိုးဖန်တီးပေးခဲ့ပါသေးတယ်။ ဒီရာသီချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အတွက် ၃ ဂိုးသွင်းပြီး လေးဂိုးဖန်တီးပေးနိုင်သူ ဖြစ်လာပါတယ်။ ဘယ်နောက်ခံကစားသမားမှ ဒီရာသီချန်ပီယံလိဂ်မှာ အဲလ်ဗက်စ်လောက် စွမ်းဆောင်ရည်မကောင်းပါဘူး။ ဘာစီလိုနာ ပရိသတ်တွေအတွက် လွမ်းစရာပါ။

Source & Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video