play

 

မိုနာကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်သွားပြီဖြစ်ပေမယ့် ဗိုလ်လုပွဲရောက်တယ်ဆိုတာက ဘာမှ မပြောပလောက်သေးဘူးလို့ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ပြောပါတယ်။

မိုနာကိုအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ယမန်နေ့ညက ကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ၂-၁ ဂိုးနဲ့ အနိုင်ထပ်ယူခဲ့ပြန်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်တက်ရောက်နိုင်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ အသင်းပါ။

play

 

ဒါပေမယ့် ဗိုလ်လုပွဲရောက်တာဟာ အောင်မြင်မှု မဟုတ်သေးဘူလို့ ဝါရင့်ဂိုးသမားဘူဖွန်က ဆိုပါတယ်။ " ဟုတ်ပါတယ်။ ကျွန်တော်တို့ ကာဒစ်ဖ်ကွင်း(ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမည့်ကွင်း)ကို ရောက်ပါပြီ။ ဒါပေမယ့် ကျွန်တော်ဘာမှ မပြောနိုင်သေးပါဘူး။ ဗိုလ်လုပွဲရောက်တာက ဘာမှမဟုတ်သေးဘူးလေ။ ကျွန်တော့်အသင်း အကောင်းဆုံးပုံစံကိုပိုင်ဆိုင်ထားတဲ့အတွက်တော့ ပျော်ပါတယ်" လို့ ဘူဖွန်က ပြောပါတယ်။

play

 

ဘူဖွန်က ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ် ရောက်ခဲ့ပြီးပြီဖြစ်ပေမယ့် နှစ်ကြိမ်လုံး ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ရတဲ့ဂိုးသမားဖြစ်ပါတယ်။ " လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျွန်တော်တို့အသင်း ဗိုလ်လုပွဲ ရောက်တယ်။ အားလုံးက ကျွန်တော့်ရဲ့ နောက်ဆုံးဗိုလ်လုပွဲပဲလို့ ထင်ခဲ့ကြတယ်။ ခင်ဗျား တစ်ခုခုကို လုပ်ချင်ပြီဆိုရင် ယုံကြည်မှုရှိဖို့ လိုအပ်တယ်" လို့ ဘူဖွန်က ထပ်ပြောခဲ့ပါတယ်။

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video