AD
AD
AD

အေဂျက်ဇ်အသင်းက ပြည်တွင်းအမှတ်ပေးဟော်လန်လိဂ်ပြိုင်ပွဲမှာပဲ ဒုတိယရဖို့ သေချာသွားပြီဖြစ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်ရသွားပါပြီ။ အေဂျက်ဇ်ချန်ပီယံလိဂ် ဝင်ခွင့်ရသွားပြီဖြစ်လို့ မန်ယူက ယူရိုပါလိဂ်ဗိုလ်မစွဲရင်ရော ချန်ပီယံလိဂ်ဝင်ခွင့်ရမလား ဆိုတာ ပရိသတ်တွေအကြား မကွဲပြားသေးပဲ ဖြစ်နေပါတယ်။

play

 

လက်ရှိစည်းမျဉ်းအရ ယူရိုပါလိဂ် ချန်ပီယံဖြစ်တဲ့အသင်းဟာ နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာမှာ ဖြစ်ပါတယ်။ အေဂျက်ဇ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လိုင်ယွန်အသင်းကို ၄-၁ ဂိုးနဲ့ နိုင်ခဲ့လို့ မန်ယူထက်တောင် ဗိုလ်လုပွဲရောက်ဖို့ သေချာနေတဲ့အသင်းပါ။ အေဂျက်ဇ်ဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲ အဆင့်မှာတင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာနေပြီဖြစ်လို့ မန်ယူက ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ခဲ့ရင် ဗိုလ်မစွဲလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ ထင်စရာရှိနေပါတယ်။

ဒါပေမယ့် မန်ယူအသင်းက ပရီးမီးယားလိဂ်မှာ အဆင့်-၄ မဝင်ခဲ့ဘူးဆိုရင်  ယူရိုပါလိဂ်မှာ ဗိုလ်စွဲမှသာ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အေဂျက်ဇ်က ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရဖို့ မသေချာသေးလို့ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက်အရ ဟော်လန်လိဂ်မှာ ပထမရတဲ့အသင်းတစ်သင်းပဲ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ဝင်ပြိုင်ခွင့် ရှိပါတယ်။

play

 

လက်ရှိအခြေအနေအရ အေဂျက်ဇက် ပြည်တွင်းပြိုင်ပွဲမှာတင် အဆင့်-၂ ရလို့ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပြီး ယူရိုပါလိဂ်မှာလည်း ဗိုလ်စွဲခဲ့မယ်ဆိုရင် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်နေရာ ပိုထွက်လာတော့မှာပါ။ အဲဒီတစ်နေရာကို ဘယ်သူရမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့စည်းမျဉ်းအရ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ အဆင့်ရပ်တည်မှုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ ၁၃ နိုင်ငံထဲက နောက်ဆုံးနိုင်ငံရဲ့လိဂ်ပြိုင်ပွဲကို အဲဒီတစ်နေရာ ရောက်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆင့်ကျလေ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းနည်းလေ ဖြစ်လို့ ဦးစားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေရဲ့ အဆင့်-၁၃ ကလည်း နယ်သာလန်ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ပိုထွက်လာခဲ့ရင် ချက်ဇ်လိဂ်ပြိုင်ပွဲက ပိုရသွားဖွယ်ရှိနေပါတယ်။ ချက်ဇ်လိဂ်ပြိုင်ပွဲမှာ ပထမရတဲ့အသင်းဆိုရင်တောင် ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်မရဘဲ ရှုံးထွက်တစ်ပွဲ ကစားရပါသေးတယ်။ အခု တစ်နေရာ ပိုလာခဲ့မယ်ဆိုရင် ချက်ဇ်လိဂ်မှာ ချန်ပီယံဖြစ်တဲ့အသင်းက ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်ကစားရဖွယ်ရှိနေပါတယ်။

play

 

ဒါတွေဟာ ရှုပ်ထွေးလှတဲ့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေပါ။ အလွယ်ဆုံးစဉ်းစားရမှာတော့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ မဖြစ်မနေ ဗိုလ်စွဲလိုဖို့လိုအပ်တာ အမှန်ပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD