AD
AD
AD

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်က အသလက်တီကိုအသင်းကို ရှုံးခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ခွင့်ရခဲ့ပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲကို အရင်ရောက်နေပြီးသားဖြစ်တဲ့ အီတလီကလပ် ဂျူဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ဖြစ်သလို ဂျူဗင်တပ်ကလည်း သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ပွဲချိန်အစောပိုင်းမှာပဲ အသလက်တီကိုအသင်းက နှစ်ဂိုးအရင်သွင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချေပဂိုးကြောင့် စိတ်ဓာတ်ကျဆင်းသွားခဲ့ပြီး လက်ကျန်ဂိုးတွေ ဆက်မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာပဲ အိမ်ရှင်အသလက်တီကိုအသင်း အဖွင့်ဂိုးရသွားခဲ့တာပါ။ ရလာတဲ့ ထောင့်ကန်ဘောကို အသလက်တီကို ကစားသမား ကိုကီ ကန်တင်ရာမှာ နီဂွက်ဇ်က ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။

play
ပထမဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ အသလက်တီကို

 

နောက်ထပ် လေးမိနစ်အကြာမှာ အသလက်တီကိုအသင်း မထင်မှတ်ပဲ နောက်တစ်ဂိုးရသွားလို့ ရီးရဲလ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါသေးတယ်။ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်းအဖျက်ကြမ်းလို့ ပင်နယ်တီပေးခဲ့ရတာ ဖြစ်ပြီး အဲဒီပင်နယ်တီကို ဂရိဇ်မန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

play
ဂရိဇ်မန်းရဲ့ ပင်နယ်တီဂိုး

 

အဲဒီနောက်မှာ အသလက်တီကိုအသင်းကစားပုံ ပိုမိုကြမ်းတမ်းလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်လည်း ခပ်မာမာ တုန့်ပြန်ကစားခဲ့ပါတယ်။ ရီးရဲလ်ကစားသမား ကက်ရှ်မီယို အသလက်တီကိုကစားသမား ဂရိဇ်မန်းကို အဖျက်ကြမ်းခဲ့သလို အသလက်တီကိုကစားသမား ဂိုဒင်လည်း ရော်နယ်ဒိုကို အတော်လေး အဖျက်ကြမ်းခဲ့ပါသေးတယ်။

play

 

ဒါပေမယ့် ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမားရဲ့ ခြေစွမ်းပြမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ချေပဂိုး ရသွားခဲ့ပါတယ်။ ညာဘက်အခြမ်းမှာ ရလာတဲ့ဘောလုံးကို ဘန်ဇီးမားက ဂိုးလွန်စည်း အစပ်နားအထိ ဆွဲယူသွားပြီး နောက်ခံလူ သုံးယောက်ကို မထင်မှတ်ပဲ ကျော်ဖြတ်ကာ ဘောလုံးထိုးပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီဘောလုံးကို တိုနီခရူးစ်အပြင်းကန်သွင်းရာမှာ အသလက်တီကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အစ္စကိုက အနီးကပ်ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ဒီဂိုးဟာ ရီးရဲလ်မက်ဒရစ်ဗိုလ်လုပွဲတက်ဖို့ အလွန်အရေးပါတဲ့ ဂိုးဖြစ်ခဲ့တာပါ။ ဒီဂိုးသာ မရခဲ့ဘူးဆိုရင် အသလက်တီကိုအသင်း နောက်တစ်ဂိုးရတာနဲ့ ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်ရေးမျှော်လင့်ချက်ဟာ ပျက်ပြယ်သွားနိုင်ခဲ့တဲ့ အခြေအနေကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ချေပဂိုးရှင် အစ္စကိုကတော့ ဒီရာသီမှာ အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲကစားပြီး အရေးပါတဲ့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

သင် ကြိုက်နိုင်မည့် နောက်ထပ် သတင်း - အသလက်တီကို နှစ်ဂိုးအရင်သွင်းသော်လည်း ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်

play
ရာမို့စ်နဲ့ ဂိုးသမားနာဗက်စ်တို့ရဲ့ အောင်ပွဲခံမှု

 

ဒုတိယပိုင်းမှာ အသလက်တီကိုအသင်း ပိုမိုထိုးဖောက်ခွင့် ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား နာဗက်စ်လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ရီးရဲလ်ထပ်ပြီး ဂိုးမပေးခဲ့ရတာပါ။ ဒီရလဒ်နဲ့ပဲ ပွဲပြီးသွားလို့ ရီးရဲလ်က နှစ်ကျော့ပေါင်းရလဒ် ၄-၂ နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD