အသလက်တီကိုနဲ့ ပွဲစဉ်မှာ ဘန်ဇီမား ခြေစွမ်းပြသွားတဲ့ ပြကွက်ဟာ နည်းပြဇီဒန်းတောင် အံ့သြမှင်သက်ပြီး ကျန်ခဲ့ရတယ်လို့ သိရပါတယ်။

 

အသလက်တီကိုက နှစ်ဂိုးသွင်းပြီးချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဘန်ဇီမားက ဖန်တီးယူပေးခဲ့တာဖြစ်ပါတယ်။ အသလက်တီကို နောက်ခံလူ သုံးဦးကို ဂိုးစည်းနားမှာ ပွတ်ကာသီကာ ရှောင်တိမ်းပြီး ကျော်ဖြတ်လာတဲ့ ပြကွက်ကို ဘန်ဇီမား ဘယ်လိုလုပ်လိုက်လဲ သူမသိကြောင်း နည်းပြဇီဒန်းက ဝန်ခံပြောကြားပါတယ်။ ဘန်ဇီမားက ပြိုင်ဘက်သုံးဦးကို ကျော်ဖြတ်ပြီး ပေးပို့လိုက်တဲ့ဘောလုံးကို ခရူးစ်ကန်သွင်းရာမှာ ဂိုးမဝင်ခဲ့ပေမယ့် ဘောလုံးပြန်ထွက်လာလို့ အစ္စကို ပိတ်သွင်းပြီး ဂိုးရခဲ့တာဖြစ်ပါတယ်။

play
ဘန်ဇီမား ဖန်တီးပေးမှုကြောင့် ဂိုးသွားစဉ်

သင်ကြိုက်နိုင်မည့် နောက်ထပ် သတင်း - အသလက်တီကို နှစ်ဂိုးအရင်သွင်းသော်လည်း ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်

တိုက်စစ်မှူး ဘန်ဇီမားရဲ့ ထူးခြားတဲ့အလိမ်အခေါက်အတွက် နည်းပြဇီဒန်းက ပြောစရာ စကားလုံးရှာမတွေ့ဖြစ်နေခဲ့တာပါ။ " အဲဒီနေရာကနေ သူဘယ်လိုထွက်လာလဲ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ ဘောလုံးလောကမှာ ဂိုးသွင်းဖို့ချည်း လိုအပ်တယ် မ ထင်ပါနဲ့။ ဘန်ဇီမားက သူကိုယ်တိုင်လည်း ဂိုးသွင်းသလို ဒီလိုလည်း အခြားသူတွေအတွက် ဖန်တီးပေးတတ်တယ်။ အသင်းရဲ့ ခြေစွမ်းအတွက် သူပျော်နိုင်မယ်လို့ ကျွန်တော်ထင်တယ်" ဆိုပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြဇီဒန်းက ပြောခဲ့တာဖြစ်ပါတယ်။

play
နောက်ခံလူ သုံးဦးကိုဘန်ဇီမား ကျော်ဖြတ်နေစဉ်

 

တိုက်စစ်မှူး ဘန်ဇီမားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်လို့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုကို ရင်ဆိုင်ရသူ ကစားသမားဖြစ်ပါတယ်။ အသလက်တီကိုအသင်း နှစ်ဂိုးအရင် ရသွားချိန်မှာလည်း မိမိစိတ်မပူခဲ့ကြောင်းနဲ့ အသင်းကစားသမားတွေ ဂိုးသွင်းခွင့်ပြန်ရမယ်ဆိုတာ ယုံကြည်နေခဲ့တယ်လို့ နည်းပြဇီဒန်းက ပွဲအပြီးမှာ ပြောပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video