AD
AD
AD

တက်တူးတွေထိုးရတာ သဘောကျတဲ့ နေမာက နောက်ဆုံးထိုးလိုက်တဲ့ တက်တူးက သားဖြစ်သူရဲ့ ပုံတူ တက်တူးဖြစ်ပါတယ်။

play

 

ဘာစီလိုနာကြယ်ပွင့်ကစားသမား နေမာက သူ့ရဲ့လက်ဖျံပေါ်မှာ သားဖြစ်သူ ဒေဗီလူကာရဲ့ ပုံတူကို တက်တူးရေးထိုးခဲ့တာဖြစ်ပါတယ်။ အမည်းရောင်နဲ့ မီးခိုးရောင် ပေါင်းစပ်ရေးဆွဲထားတဲ့ အဆိုပါ တက်တူးဟာ နေမာရဲ့ လက်ဖျံအတွင်းပိုင်းတစ်ခုလုံးကို နေရာ ယူထားပါတယ်။

play

 

တက်တူးပညာရှင် ရိုဆာက နေမာကို သားဖြစ်သူရဲ့ပုံတူ ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။ ရိုဆာဟာ နေမာကို တက်တူးထိုးပေးနေကြ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီတစ်ခေါက် ထူးခြားမှုကတော့ ရိုဆာက နေမာကို သားဖြစ်သူရဲ့ ပုံတက်တူးထိုးပေးခဲ့ပြီးနောက် နေမာကလည်း ရိုဆာကို တက်တူးပြန်ထိုးပေးခဲ့တာဖြစ်ပါတယ်။

ဘောလုံးကြယ်ပွင့် နေမာကို တက်တူးပေါင်း ၂၅ ခုလောက် ထိုးပေးခဲ့ပြီးနောက် အခုတော့ ကျွန်တော်ပုံပြန်ရေးခံရမယ့် အလှည့်ဖြစ်ပါတယ်ဆိုပြီး စပိန်က တက်တူးပညာရှင် ရိုဆာက အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ နေမာထိုးပေးတဲ့ တက်တူးအတွက် ကျေးဇူးတင်ကြောင်းလည်း ရိုဆာက အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။

play

 

နေမာက လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းနဲ့ လာလီဂါတိုက်ပွဲဝင်နေရတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဘာစီလိုနာက အမှတ်ပေးဇယားကို ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေပေမယ့် ရီးရဲလ်မက်ဒရစ်က တစ်ပွဲလျော့ကစားထားပါတယ်။

လက်ကျန်လာလီဂါ ပွဲစဉ်နှစ်ပွဲကို ဘာစီလိုနာ အနိုင်ရမယ်ဆိုရတောင် ရီးရဲလ်မက်ဒရစ်က လက်ကျန်သုံးပွဲမှာ ၇ မှတ်ရမယ်ဆိုရင် အမှတ်ပေးချန်ပီယံ ဖြစ်သွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD