AD
AD
AD

၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို ရော်နယ်ဒိုနဲ့ အပြိုင်လုမယ့်သူတွေထဲမှာ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ပါဝင်လာပြီဖြစ်ကြောင်း သိရပါတယ်။

 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုလို့ အများကခံယူထားကြတဲ့ ဘလွန်းဒီအော်ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းဖြစ်တဲ့ France Football ကနှစ်စဉ် ရွေးချယ်ပေးနေကြဖြစ်ပါတယ်။ အခု France Football က နောက်ဆုံးထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ရော်နယ်ဒိုကို ရွေးချယ်ထားပြီး " အခုတော့ ရော်နယ်ဒိုကို ဘယ်သူလိုက်နိုင်ဦးမလဲ"လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ပြိုင်ပွဲက မပြီးသေးဘူးဆိုပေမယ့် ရော်နယ်ဒို စွမ်းဆောင်ထားတာကိုတော့ ပြန်ဖျက်လို့ မရနိုင်တော့ဘူးဆိုပြီး ချီးကျူး ရေးသားထားတာတွေ့ရပါတယ်။

play

 

ရော်နယ်ဒိုကို အမီလိုက်မယ်ဆိုရင် အထင်ကြီးလောက်စရာခြေစွမ်းတွေ ထုတ်ပြရမှာ ဖြစ်သလို မြန်မြန်လုပ်ဖို့လည်း လိုနေပြီလို့ France Football မဂ္ဂဇင်းက ထောက်ပြထားပါတယ်။ ဒီဖော်ပြမှုအတွက် France Football မဂ္ဂဇင်းဟာ ဝေဖန်မှု များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဆုပေးပွဲ မကျင်းပခင် ၇ လလောက် အလိုမှာ ဒီလိုဖော်ပြမှုဟာ စိတ်ပျက်စရာကောင်းတဲ့ မကောင်းသတင်းဖြစ်တယ်လို့ Mundo Deportivo သတင်းစာက ပြန်လည်ဝေဖန်ခဲ့ပါတယ်။ ကာတာလန်ဒေသခံ သတင်းစာတွေကတော့ မဂ္ဂဇင်းဆောင်းပါးထဲမှာ ဘလွန်းဒီအော်ဆုအတွက် အကြမ်းဖျဉ်း ဆန်ခါတင်စာရင်းထဲ မက်ဆီကို မထည့်သွင်းတဲ့ သဘောဖြစ်နေလို့ ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။

play
France Football မဂ္ဂဇင်းရဲ့ မျက်နှာဖုံး

 

ဒီနှစ်မှာ ဘလွန်းဒီအော်ဆုအတွက် ရော်နယ်ဒိုကို ယှဉ်ပြိုင်မယ့် အနီးဆုံးပြိုင်ဘက်က ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဘူဖွန်အပြင် မိုနာကိုလူငယ်ကစားသမား အမ်ဘက်ပေး၊ အသလက်တီကို ကစားသမား ဂရိဇ်မန်းလည်း ဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့မှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ငါးဂိုးသွင်းခဲ့ပါတယ်။

play
France Football မဂ္ဂဇင်းဆောင်းပါးကို စပိန်သတင်းစာက ပြန်လည်ဝေဖန်ထားသည့် ဆောင်းပါး

 

မက်ဆီကတော့ မကြာသေးခင်ကမှ ဒီနှစ်ဘောလုံးရာသီမှာ ဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာတာပါ။

ှSource : Sportbible

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD