ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘန်ဇီမားနဲ့ ပေါ့အဆိုတော် ရီဟားနားတို့ ချိန်းတွေ့တာတွေ လုပ်ခဲ့ပေမယ့် လူသိရှင်ကြားမတွဲဖြစ်ဘဲ ပြတ်စဲသွားရတဲ့ အကြောင်းရင်း ထွက်ပေါ်လာပါပြီ။

play

 

နာမည်ကျော် နှစ်ဦးဖြစ်တဲ့ ဘန်ဇီမားနဲ့ ရီဟားနားတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ မကြာခဏ ချိန်းဆိုတွေ့ဆုံမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက လူမြင်ကွင်းကို တွဲပြီးထွက်မလာခဲ့ပေမယ့် လျှို့ဝှက်ပါတီပွဲအချို့မှာ အတူတွဲမြင်ခဲ့ကြရပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း သူတို့နှစ်ဦးချိန်းတွေ့တဲ့ ဓာတ်ပုံတွေ မကြာခဏ မီဒီယာတွေ ဖော်ထုတ်ခဲ့ပေမယ့် ကာယကံရှင်တွေကတော့ ဘာမှမှတ်ချက်မပေးခဲ့ပါဘူး။

play

 

ဘန်ဇီမားနဲ့ ရီဟားနားတို့ နှစ်ဦး ရေရှည်လက်တွဲဖို့ အဆင်မပြေဖြစ်ရတာဟာ ရီဟားနားရဲ့ ချစ်သူဟောင်း အဆိုတော် ခရစ္စဘရောင်းကြောင့်ဖြစ်တယ်လို့ စပိန်သတင်းစာ Don Balon Rosa ကဖော်ပြလာပါတယ်။ ဘန်ဇီမားနဲ့ ပုဂ္ဂိုလ်ရေးအလွန်ရင်းနှီးသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းမှာ ချစ်သူဟောင်း ခရစ္စဘရောင်းကြောင့် ရီဟားနားက တိုက်စစ်မှူး ဘန်ဇီမားကို လူသိရှင်ကြားလက်တွဲမှု မလုပ်ချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

" ရီဟားနားက ကာရင်(ဘန်ဇီမား)ကို ချစ်ပါတယ်။ ဘန်ဇီမားနဲ့ရှိတုန်း သူ(ရီဟားနား) အတော်ပျော်ခဲ့တာပါ။ ဒါပေမယ့် ရီဟားနားက ကာရင်ကို အသည်းမခွဲချင်ဘူးတဲ့လေ။ ခရစ္စဘရောင်းကို အမြဲတမ်းချစ်နေဦးမယ်ဆိုတာ ရီဟားနားက ဝန်ခံခဲ့တယ်။ သူတို့နှစ်ဦးက ယှဉ်ဖို့ခက်တယ်ဆိုတာကိုလည်း ရီဟားနားက ပြောခဲ့သေးတယ်" လို့ ဘန်ဇီမားနဲ့ နီးစပ်သူတစ်ဦး ကပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရီဟားနားဟာ ခရစ္စဘရောင်းနဲ့ ပြတ်စဲခဲ့ပြီးတဲ့နောက်မှာ ဘန်ဇီမားနဲ့ သတင်းထွက်ခဲ့သလို လီယိုနာဒိုနဲ့လည်း ချိန်းတွေ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ တိုက်စစ်မှူး ဘန်ဇီမားရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အသလက်တီကိုအသင်းကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်သွားခဲ့ပြီဖြစ်ပါတယ်။ အသလက်တီကိုနဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဘန်ဇီမားက ပြိုင်ဘက်ကစားသမား သုံးဦးကို ကျော်ဖြတ်ကာ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video