အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းကို သရေသာ ကစားနိုင်ခဲ့ပေမယ့် မန်ယူက နှစ်ကျော့ပေါင်းရလဒ်နဲ့ ဗိုလ်လုပွဲတက်သွားခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အေဂျက်ဇ်နဲ့ ရင်ဆိုင်ရမှာပါ။

မန်ယူ ၁-၁ ဆယ်လ်တာဗီဂိုပွဲစဉ်အပြီး ရလာတဲ့ သင်ခန်းစာ ငါးခုရှိပါတယ်။

၁။ ရက်ရှ်ဖို့ဒ် ဖန်တီးပေးသူ ဖြစ်လာခြင်း

play

 

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ ဒဏ်ရာရနေတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်နေတာပါ။ သူ့ဆီကသာ ဂိုးတွေမျှော်လင့်နေကြရတာ ဖြစ်ပါတယ်။ အခုတော့ ရက်ရှ်ဖို့ဒ်က ဂိုးဖန်တီးပေးနိုင်သူ တစ်ယောက်တောင် ဖြစ်လာခဲ့ပါပြီ။ ဖယ်လိုင်နီရဲ့ ခေါင်းတိုက်ဂိုးဟာ ရက်ရှိဖို့ဒ် တိတိကျကျ ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။

၂။ ဖယ်လိုင်နီရဲ့ တန်ဖိုး

play

 

နည်းပြမိုယက်စ်လက်ထက်မှာ ခေါ်ယူခဲ့ပေမယ့် မိုယက်စ်နဲ့ ဗန်ဟားလ်နည်းပြနှစ်ဦးလုံး လက်ထက်မှာ ဖယ်လိုင်နီဟာ မရေရာမှု များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ ဖယ်လိုင်နီဟာ မော်ရင်ဟိုလက်ထက် အရေးပါတဲ့ပွဲတွေ ကစားပြီး အရေးပါတဲ့ဂိုးတွေသွင်းနေသူ ဖြစ်နေပါတယ်။ အခုလည်း အသင်းဗိုလ်လုပွဲအတွက် အရေးပါတဲ့ ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။

၃။ အတည်တကျ မဖြစ်သေးတဲ့ ဒါမီယန်

play

 

နောက်ခံလူ ဒါမီယန် မန်ယူအသင်းအတွက် ပွဲတိုင်းပွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ မော်ရင်ဟိုက ပွဲထွက်စာရင်းမှာ ဒါမီယန်ကို ထည့်သွင်းခဲ့ပါတယ် ပွဲစပြီး ငါးမိနစ်အတွင်းမှာပဲ ဒါမီယန်က ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ကစားသမားနှစ်ဦးရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ ဂိုးသမား ရိုမီယိုလက်စွမ်းပြနေခဲ့လို့သာ ဒါမီယန်ရဲ့ အမှားတွေ မပေါ်လွင်ခဲ့တာဖြစ်ပါတယ်။

၎။ ပေါ့ဂ်ဘာ

play

 

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ကို ဖီဖာက ပြန်လည်စုံစမ်းဦးမယ်လို့ သတင်းထွက်လာပါတယ်။ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ဟာ ဥပဒေကို ချိုးဖောက်ခဲ့သလား စုံစမ်းခြင်း ခံနေရပါပြီ။ ဒီကိစ္စက ပေါ့ဂ်ဘာကို ရိုက်ခတ်မှာ မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောထားပါတယ်။ အခု ပွဲမှာလည်း ပေါ့ဂ်ဘာဟာ အရင်လိုပဲ ပြိုင်ဘက်တွေကို ဒုက္ခပေးပြီးကွင်းလယ်မှာ ပြိုင်ဘက်သုံးယောက်လောက်က သူ့ကို လူကပ်ကစားနေရတဲ့အထိ ခြေစွမ်းပြခဲ့ပါတယ်။

၅။ ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ ရိုမီယို

play

 

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဒီဂီယာကိုပဲ ပွဲထုတ်မလား ရိုမီယိုကိုပဲ ပွဲထုတ်မလား မသိသေးပါဘူး။ ရိုမီယိုရဲ့ ဒီနေ့ပွဲ လက်စွမ်းကတော့ အထင်ကြီးလောက်စရာပါ။ ပြိုင်ဘက်ရဲ့ ဂိုးရနိုင်လောက်တဲ့ ကန်ချက်များစွာကို ကာကွယ်နိုင်ခဲ့ပါတယ်။

Source & Photos : Mirror

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video