AD
AD
AD

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီက ကာလကြာရှည်စွာ လက်တွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်ပွဲ ကျင်းပဖို့ နေ့ရက်သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

play

မကြာခင် အသက် ၃၀ ပြည့်တော့မယ့် မက်ဆီနဲ့ သူ့ရဲ့ချစ်သူ အန်တိုနယ်လာရိုဒရီဂွက်ဇ်တို့ဟာ မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံက ရိုဆာရီအရပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ချစ်သူရိုဒရီဂွက်ဇ်က သားယောက်ျားလေးနှစ်ဦး ရရှိပြီးနောက် မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီက မကြာခင်လပိုင်းအတွင်းမှာ မက်ဆီက အသက် ၃၀ ပြည့်တော့မှာဖြစ်ပြီး အသက် ၃၀ ပြည့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဇွန်လ ၃၀ ရက်နေ့မှာ မင်္ဂလာပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မွေးရပ်မြေမှာ မင်္ဂလာပွဲ ကျင်းပပြီးတဲ့အခါ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ နောက်ထပ် မင်္ဂလာပွဲ ကျင်းပဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ငါးကြိမ်ရရှိထားတဲ့ မက်ဆီဟာ ဧည့်ပရိသတ် ၆၀၀ ခန့်မင်္ဂလာပွဲတက်ရောက်ဖို့ ဖိတ်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့နာမည်ကျော် အနုပညာရှင်တွေနဲ့ အားကစားလောက နာမည်ကျော် ပုဂ္ဂိုလ်တွေ ပါဝင်ကြမယ်လို့ ခန့်မှန်းရပါတယ်။

play

ဒါပေမယ့် မက်ဆီရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုကို ဒီမင်္ဂလာပွဲ ဖိတ်ကြားမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ မက်ဆီနဲ့ အန်တိုနယ်လာဟာ ၂၀၀၈ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး အခုအခါ သီယာဂိုနဲ့ မက်တေယိုဆိုတဲ့ သားငယ်နှစ်ဦး ရရှိထားကြောင်း သိရပါတယ်။ အာဂျင်တီးနား မော်ဒယ်တစ်ဦးဖြစ်တဲ့ အန်တိုနယ်လာဟာ ၂၀၁၀ ခုနှစ်မှာ မက်ဆီရှိရာ စပိန်ကိုပြောင်းရွှေ့လာပြီးနောက် အတူတကွ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ ဘာစီလိုနာအသင်းက လာလီဂါ အမှတ်ပေးဖလားရဖို့ တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

သင်ကြိုက်နိုင်သည့် နောက်ထပ်ဆောင်းပါးတစ်ပုဒ် - မက်ဆီ ဘယ်တော့မှမတွေ့ချင်တဲ့ ဘောလုံးသမား (၅) ဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD