International Sports: ရော်နယ်ဒိုကို နာရီပိုင်းဖြင့် ငှားရမ်းအသုံးပြုနိုင်

ငှားရမ်းခအတွက် ပေးရမယ့်ငွေကြေးပမာဏကတော့ များပြားလွန်းပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရော်နယ်ဒိုကို အပြင်မှာ တွေ့ရဖို့ မလွယ်ကူဘူးဆိုပေမယ့် ထိုက်တန်တဲ့ အခကြေးငွေပေးရင် ငှားရမ်းလို့ ရနိုင်ပါတယ်။ ရော်နယ်ဒိုကို ငှားရမ်းတဲ့ကုန်ကျစရိတ်က အရမ်းများပြားနေတာကြောင့် သာမန် စီးပွားရေးလုပ်ငန်းတွေကတော့ အနားကပ်နိုင်မှာ မဟုတ်ပါဘူး။

 

 ဘောလုံးလောကရဲ့ လျှို့ဝှက်ချက် အများစုအကြောင်းရေးသားထားတဲ့ Football Leaks ဆိုတဲ့ စာအုပ်မှာ ဒီအကြောင်းကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မိခင်ကလပ်အသင်း ရီးရဲလ်မက်ဒရစ်အပြင် သူ့ကို စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေအတွက်သာ အချိန်ပေးတဲ့ဘောလုံးသမား မဟုတ်ပါဘူး။ ရော်နယ်ဒိုကို လုပ်ငန်းကိစ္စအတွက်ဆိုရင် နာရီပိုင်းလည်း ငှားရမ်းရရှိနိုင်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကို ငှားရမ်းဖို့အတွက် ကုန်ကျစရိတ်ကတော့ အတော်လေးများပြားပါတယ်။ ရော်နယ်ဒိုကို လေးနာရီခွဲငှားရမ်းခ အနေနဲ့ ဒေါ်လာတစ်သန်းကျော် ကျသင့်မယ်လို့ သိရပါတယ်။

play

 

 ဒါဟာ တစ်နာရီကို ဒေါ်လာနှစ်သိန်းခွဲကျော်ကနေ သုံးသိန်းလောက်အတွင်း ကျသင့်မယ့် ပမာဏဖြစ်ပါတယ်။ စာအုပ်ထဲမှာ ဖော်ပြထားချက်အရ ၂၀၁၃ ခုနှစ်တုန်းက ဆော်ဒီအာရေဗျကုမ္ပဏီတစ်ခုဟာ ရော်နယ်ဒိုရဲ့ ပုံရိပ်မူပိုင်ခွင့်ကြေးနဲ့ အခြားသော သက်ဆိုင်ရာမူပိုင်ခွင့်ကြေးတွေကိုကို ပေးချေကာ လေးနာရီခွဲစာ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ လေးနာရီခွဲအတွင်းမှာ ရော်နယ်ဒိုက ဓာတ်ပုံရိုက်တာတွေ၊ ဂျာစီလက်မှတ်ထိုးပေးတာတွေ လုပ်ပေးတယ်လို့ သိရပါတယ်။

play

 

 ဒါ့အပြင် အဆိုပါကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်ပို့စ်နှစ်ခုမှာ ထည့်သွင်းဖော်ပြပေးရတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီက ရော်နယ်ဒိုရဲ့ ပုံရိပ်ကို ကြော်ငြာအစီအစဉ်တွေမှာ တစ်ရက်တာ အသုံးပြုခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ လောလောဆယ်မှာလည်း ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် လေးသိန်းလောက် ရရှိလျှက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ