AD
AD
AD

လာလီဂါချန်ပီယံဆုအတွက် အရေးအကြီးဆုံးအချိန်ရောက်နေပေမယ့် ဘာစီလိုနာ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ကတော့ ဇနီးသည်တွေရဲ့ ဖက်ရှင်ဆိုင်ဖွင့်ပွဲအတွက် အလုပ်ရှုပ်လျှက်ရှိပါတယ်။

 

ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆယ်လ်တာဗီဂိုအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နောက်ဆုံးပွဲစဉ်မှာ တစ်မှတ်ရတာနဲ့ လာလီဂါအမှတ်ပေးချန်ပီယံဆုကို ရရှိတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားဖို့ လိုနေပြီး ရီးရဲလ်မက်ဒရစ်အသင်း မာလာဂါကို ရှုံးနိမ့်သွားမှသာ ချန်ပီယံ ဖြစ်ခွင့်ရှိမှာပါ။

play

 

အရေးကြီးတဲ့အချိန် ရောက်နေပေမယ့် မက်ဆီနဲ့ ဆွာရက်ဇ်တို့ကတော့ ဖိအားကင်းကင်းဖြစ်နေပုံ ရပြီး သူတို့ဇနီးသည်နှစ်ဦး ဘာစီလိုနာမြို့မှာ ပူးပေါင်းဖွင့်လှစ်တဲ့ ဖက်ရှင်ဆိုင်ဖွင့်ပွဲကို အတူတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ဇနီးသည် အန်တိုနယ်လာနဲ့ ဆွာရက်ဇ်ရဲ့ ဇနီး ဆိုဖီယာတို့ နှစ်ဦးပူးပေါင်းဖွင့်လှစ်တဲ့ ဖက်ရှင်ဆိုင်ပါ။ ဖက်ရှင်ဆိုင်နာမည်က Sarkany လို့ အမည်ရပါတယ်။

play
အန်တိုနယ်လာနဲ့ ဆိုဖီယာ

 

ဆွာရက်ဇ်နဲ့ မက်ဆီတို့ရဲ့ အိမ်ရှင်မတွေ ဖက်ရှင်ဆိုင်ဖွင့်ပွဲကို သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်း ချယ်လ်ဆီးကစားသမား ဖာဘရီဂတ်စ်လည်း တက်ရောက်ခဲ့ပါတယ်။ ဖာဘရီဂတ်စ်ရဲ့ ဇနီးနဲ့ မက်ဆီရဲ့ ဇနီးကလည်း အရမ်းခင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဖြစ်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုအဖြစ် ဖက်ရှင်ဆိုင် ထူထောင်နိုင်ခဲ့တာကို ဆွာရက်ဇ်က သူ့ဇနီးအတွက် ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါသေးတယ်။

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD