International Sports: ရီးရဲလ်မက်ဒရစ်ကို ရှုံးသွားလျှင် မာလာဂါ ယူရိုတစ်သန်း ရမည်

ချန်ပီယံ ဖြစ်ဖို့ ရီးရဲလ်မက်ဒရစ်အသင်း အနည်းဆုံးတစ်မှတ်လိုပါတယ်။

ဒီတစ်ပတ် ကစားမယ့် လာလီဂါ နောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မာလာဂါအသင်းတွေ့ဆုံရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က အနိုင်ရမယ်ဆိုရင် မာလာဂါအသင်းက ယူရိုတစ်သန်း ရမယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းက သုံးမှတ်အသာနဲ့ ဘာစီလိုနာအသင်းကို ဦးဆောင်နေပြီး အခုကစားမယ့် နောက်ဆုံးပွဲမှာ သရေတစ်မှတ်ရရုံနဲ့ အမှတ်ပေးချန်ပီယံ ဖြစ်တော့မှာပါ။ ဒါပေမယ့် နောက်ဆုံးပွဲမှာ ရီးရဲလ်မက်ဒရစ်က မာလာဂါအသင်းကို ရှုံးနိမ့်ပြီး ဘာစီလိုနာက အီဘာကို အနိုင်ရမယ်ဆိုရင် ဘာစီလိုနာပဲ အမှတ်ပေးချန်ပီယံ ဖြစ်မှာဖြစ်ပါတယ်။

play

 

တိုက်ဆိုင်စွာပဲ ရီးရဲလ်မက်ဒရစ်နဲ့ အခုနောက်ဆုံးပွဲ ကစားရမယ့် မာလာဂါ အသင်းကြားမှာ သဘောတူညီချက်တစ်ခု ရှိနေပြီး အဲဒီသဘောတူညီချက်အရ ရီးရဲလ်လာလီဂါချန်ပီယံ ဖြစ်တာနဲ့ မာလာဂါအသင်း ယူရို တစ်သန်းရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက မာလာဂါအသင်းဟာ အစ္စကို ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ရောင်းချခဲ့ပြီး အဲဒီစာချုပ်မှာ ပါဝင်တဲ့ သဘောတူညီမှုအရ ရီးရဲလ်အမှတ်ပေးချန်ပီယံ ဖြစ်တာနဲ့ မာလာဂါအသင်းကို ယူရိုတစ်သန်း ပေးရမှာပါ။ အစ္စကို ရောက်လာပြီးနောက် ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးချန်ပီယံ ဆုနဲ့ ဝေးကွာနေခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုသာ ရရှိခဲ့ပါတယ်။

play
ရီးရဲလ်ဆီက ယူရိုတစ်သန်း ရဖွယ်ရှိတဲ့ မာလဂါအသင်း

 

မာလာဂါအသင်းဘက်က ကြည့်မယ်ဆိုရင် ဒီနှစ်လာလီဂါနောက်ဆုံးပွဲမှာ ရီးရဲလ်မက်ဒရစ်ကို သရေသို့မဟုတ် ရှုံးမယ်ဆိုရင် ဝင်ငွေပိုရမယ့်သဘောဖြစ်နေပါတယ်။ မာလာဂါက အဆင့်-၁၁ နေရာမှာရှိပြီး အဆင့်-၁၂ နေရာက ဗလန်စီယာနဲ့ အမှတ်တူ ဂိုးကွာခြားမှု ဖြစ်နေပါတယ်။ တကယ်လို့ မာလာဂါအသင်းဟာ ရီးရဲလ်ကိုအနိုင်ရခဲ့မယ်ဆိုရင် သူတို့ဝင်ငွေက ယူရိုခြောက်သိန်းပဲရှိတော့မှာပါ။ မာလာဂါအသင်း သရေကျပြီး ဗလန်စီယာကလည်း သရေသို့မဟုတ်ရှုံးမယ်ဆိုရင်လည်း မာလာဂါအသင်း ဟာ ဆုကြေးယူရိုခြောက်သိန်းအပြင် ရီးရဲလ်မက်ဒရစ်ထံက ယူရိုတစ်သန်း ရမှာဖြစ်ပါတယ်။

play
မာလဂါကစားသမားအစ္စကို ရီးရဲလ်မက်ဒရစ်ကို ရောက်လာစဉ်

 

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ငါးနှစ်ကြာဝေးကွာနေတဲ့ ဆုဖလားအတွက် အဆုံးထိတိုက်ပွဲဝင်မှာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ