တူရကီထိပ်သီးကလပ် ဘီဆစ်တပ်အသင်းရဲ့ နောက်ခံကစားသမား တိုဆစ်နဲ့ ဇနီးဖြစ်သူတို့ဟာ ပရိသတ်တစ်ဦးရဲ့ ထူးထူးခြားခြား တောင်းဆိုမှုကို ခံလိုက်ရပါတယ်။

 

တူရကီစူပါလိဂ် အမှတ်ပေးဘောလုံးရာသီ ကုန်ဆုံးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ အသင်းအဓိက နောက်ခံကစားသမား ဒက်စ်ကိုတိုဆစ်နဲ့ ဇနီးဂျယ်လီနာတို့ အတူမနေပဲ ခွဲအိပ်ကြဖို့ ဘီဆစ်တပ်အသင်း ပရိသတ်တစ်ဦးက တောင်းဆိုလိုက်တာပါ။ ရာသီပြီးဆုံးဖို့ လက်ကျန်သုံးပွဲလောက်သာ ကျန်တော့တဲ့အချိန်မှာ တိုဆစ်က ဇနီးသည်နဲ့ အတူအိပ်မိတဲ့အခါ အားအင်ကုန်ခမ်းပြီး အသင်းခံစစ်မှာ စွမ်းဆောင်ရည် ကျဆင်းသွားမှာ စိုးရိမ်တဲ့အတွက် အဆိုပါပရိသတ်က ထူးထူးခြားခြား တောင်းဆိုမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

ဘီဆစ်တပ် အမာခံပရိသတ်က သူ့ရဲ့တောင်းဆိုမှုကို တွစ်တာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ဒီပို့်ကို ပရိသတ်များစွာက ပြန်လည်ဝေမျှခဲ့ကြပါတယ်။ " ဂျယ်လီနာရေ။ ကျေးဇူးပြုပြီး အခုကစလို့ နောက်သုံးပတ်လောက် အထိ တိုဆစ်နဲ့ အတူမနေပါနဲ့လား။ သုံးပတ်ပြီးရင်တော့ နေ့တိုင်း မင်းစိတ်ကြိုက်၊ မင်းသဘောပါပဲ။ ဘီဆစ်တပ် ချန်ပီယံ ဖြစ်ကိုဖြစ်ရမယ်" လို့ အဆိုပါ ပရိသတ်က ရေးသားတောင်းဆိုထားပါတယ်။

play
တိုဆစ်နဲ့ သူ့ရဲ့ဇနီး

 

ဒီပို့စ်ကို ဂျယ်လီနာကိုယ်တိုင် ပြန်လည်ဝေမျှခဲ့ပြီး " Omg! Lol." လို့ ပြန်လည်ရေးသားထားပါတယ်။ ဘီဆစ်တပ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတယ်ဆိုပေမယ့် ဒုတိယနေရာက ဘာဆက်ဟီရာ အသင်းနဲ့ နှစ်မှတ်သာကွာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဘီဆစ်တပ်ဟာ ချန်ပီယံဖြစ်တာ သေချာဖို့အတွက် လက်ကျန်သုံးပွဲစလုံး အနိုင်ကစားဖို့ လိုနေပါသေးတယ်။

play
ဂျယ်လီနာ

 

နောက်ခံလူ ဒက်စ်ကိုတိုဆစ်ဟာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆားဘီးယား ကစားသမားတစ်ဦးဖြစ်ပြီး ဆိုးချော့၊ ဝါဒါဘရီမင်၊ ပို့စ်မောက်၊ ကျူပီအာစတဲ့အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ အခု ဘီဆစ်တပ်အသင်းကို ၂၀၁၅ ခုနှစ်မှာ ရောက်လာတာဖြစ်ပြီး ပွဲပေါင်း ၄၀ နီးပါး ကစားပေးထားပြီးပါပြီ။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video