AD
AD
AD

လာလီဂါချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ ယနေ့ည လာလီဂါပွဲစဉ်တွေအပြီးမှာ သိရတော့မှဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က တစ်မှတ်ရတာနဲ့ချန်ပီယံ ဖြစ်တော့မှာပါ။

play

 

လာလီဂါသမိုင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပေမယ့် နောက်ဆုံးပွဲစဉ်အရောက်မှာမှ ခြေချော်ပြီး ချန်ပီယံဆုနဲ့ လွဲခဲ့ရတဲအသင်းတွေရှိခဲ့ဖူးပါတယ်။

 

၁။ ဘီဘာအိုရဲ့လွဲချော်မှု

play

၁၉၄၆-၄၇ ဘောလုံးရာသီက ဖြစ်ပါတယ်။ ရာသီပြီးဆုံးဖို့ တစ်ပွဲအလိုမှာ ဘီဘာအိုအသင်းက မှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေခဲ့တာပါ။ တစ်ပွဲအလိုမှာ အသလက်တီကိုအသင်းက ဒုတိယဖြစ်ပြီး ဗလန်စီယာက တတိယဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော အသလက်တီကိုက ရီးရဲလ်မက်ဒရစ်ကို ၂-၃ ဂိုးနဲ့ ရှုံးပြီး ဘီဘာအိုက ဒီပို့တီပိုကို သရေကျသွားခဲ့ပါတယ်။ အဲဒီနောက်အနိုင်ရသွားတဲ့ ဗလန်စီယာက ဗိုလ်စွဲသွားခဲ့တာပါ။

 

၂။ ရီးရဲလ်မက်ဒရစ်ဘီဘာအိုကို ရှုံးနိမ့်ခြင်း

play

 

၁၉၈၂-၈၃ ဘောလုံးရာသီက ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လက်ကျန်တစ်ပွဲအလိုမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့တာပါ။ နောက်ဆုံးပွဲမှာ ရီးရဲလ်မက်ဒရစ်က ဗလန်စီယာအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးသွားခဲပါတယ်။ အဲဒါကြောင့် ဒုတိယနေရာက ဘီဘာအိုအသင်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

 

၃။ ရီရဲလ်မက်ဒရစ် ဘာစီလိုနာကို ရှုံးခြင်း

 

၁၉၉၂ ဇွန်လတုန်းကအဖြစ်အပျက်ပါ။ ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပြီး နောက်ဆုံးလက်ကျန်ပွဲမှာ တီနီရိုက်ဖ်အိမ်ကွင်းကိုသွားကစားခဲ့ရပါတယ်။ ဘာစီလိုနာကတော့ နောက်ဆုံးပွဲမှာ ဘီဘာအိုအသင်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာက အနိုင်ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အငြင်းပွားစရာ အဖြစ်တွေနဲ့ တီနီရိုက်ဖ်အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးသွားခဲ့လို့ ချန်ပီယံဆုနဲ့ ဝေးခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD