International Sports: အီဘရာဟီမိုဗစ်ခ်ျ လုပ်ခလစာက အေဂျက်ဇ်တစ်သင်းလုံးထက် ပိုများနေ

အေဂျက်ဇ်အသင်းကစားသမားတွေ၊ နည်းပြတွေအားလုံးပေါင်းရတဲ့လစာက အီဘရာဟီမိုဗစ်ခ်ျကိုမမီနိုင် ဖြစ်နေပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တွေ့ရမယ့် အေဂျက်ဇ်တစ်သင်းလုံးရဲ့ တစ်နှစ်တာလစာကုန်ကျငွေဟာ မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျတစ်ဦးတည်း ရတဲ့လစာငွေထက်တောင် နည်းပါးလျက်ရှိပါတယ်။

 

ဟော်လန်ကလပ်အေဂျက်ဇ်ဟာ မန်ယူအသင်းထက် အမှတ်တံဆိပ်လူသိများမှု၊ ကမ္ဘတစ်လွှားအားပေးတဲ့ ပရိသတ် လက်ခံရရှိမှုမှာ အစစအရာရာ နည်းပါးလျှက်ရှိတဲ့အပြင် ဝင်ငွေနဲ့ လစာငွေပေးချမှုအပိုင်းမှာလည်း မန်ယူထက် အဆက်ပေါင်းများစွာ နည်းပါးလျှက်ရှိပါတယ်။ မန်ယူအသင်းကို မနှစ်က နွေရာသီမှာ ရောက်ာလာတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက တစ်ရာသီလုပ်ခလစာ စတာလင်ပေါင် ၁၉.၁ တစ်သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ ဒူးဒဏ်ရာရနေတဲ့ အီဘရာဟီမိုဗစ်ခ်ျက အေဂျက်ဇ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ များနေပါတယ်။

play
ဒဏ်ရာအမြန်ပျောက်ဖို့ ရေကူးကန်ထဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အီဘရာဟီမိုဗစ်ခ်ျ

 

အီဘရာဟီမိုဗစ်ခ်ျက တစ်နှစ်လုပ်ခလစာ ပေါင် ၁၉.၁ သန်းရတဲ့အချိန်မှာ အေဂျက်ဇ်အသင်းက အသင်းကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအားလုံးကို ပေးရတဲ့ တစ်နှစ်တာစုစုပေါင်း လစာငွေက စတာလင်ပေါင် ၁၈.၁ သန်းသာရှိနေပါတယ်။ အီဘရာဟီမိုဗစ်ခ်ျရတဲ့ လစာငွေထက်ကို ပေါင်တစ်သန်းလောက် နည်းနေပါသေးတယ်။

play

 

ဟော်လန်ကလပ်အေဂျက်ဇ်အသင်းမှာ လစာအများဆုံးရတဲ့ ကွင်းလယ်ကစားသမား ကလက်ဆင်က တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ရှစ်သိန်းခွဲရကြောင်းသိရပါတယ်။ မန်ယူအသင်းကတော ကစားသမားတစ်ဦးကို ပျှမ်းမျှ လုပ်ခလစာ စတာလင်ပေါင် ၅.၇၇ သန်းလောက်ပေးချေနေရပါတယ်။

play
အေဂျက်ဇ်အသင်းကစားသမား ကလက်ဆင်

 

လာမယ့်တစ်ပတ် ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ကစားမယ့် မန်ယူအသင်း ကစားသမားတွေတန်ဖိုးက ၂၇၆ သန်းလောက်ရှိပြီး အေဂျက်ဇ်အသင်းထက် များစွာ ကုန်ကျခံ တည်ဆောက်ထားရတာပါ။ မန်ယူအသင်းရဲ့ တန်ဖိုးအများဆုံး ကစားသမားက ပေါင် ၈၉ သန်းတန်ပေါ့ဂ်ဘာဖြစ်ပြီး အေဂျက်ဇ်အသင်းရဲ့ တန်ဖိုးအကြီးဆုံး ဝယ်ယူတဲ့ကစားသမားက မနှစ်ကရောက်လာတဲ့ ပေါင် ၉.၅ သန်းတန် ဇီယက်ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ