International Sports: မက်ဆီရဲ့ လာလီဂါ သွင်းဂိုးစံချိန်ကို ရော်နယ်ဒို လိုက်မီသွား

မက်ဆီရဲ့ စံချိန်ကို ရော်နယ်ဒို လိုက်မီခဲ့ပြန်ပါပြီ။

လာလီဂါနောက်ဆုံးပွဲစဉ်မှာ မာလာဂါအသင်းဘက်ကို အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ ပြိုင်ဘက်ကစားသမား မက်ဆီနဲ့ ဂိုးသွင်းစံချိန်တူသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

 

ရီးရဲလ်မက်ဒရစ်က မာလာဂါအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက အသင်းအတွက်ဂိုးကို ပွဲစပြီး ၂ မိနစ်အရောက်မှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးသွင်းပြီးနောက်မှာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဒီရာသီ လာလီဂါသွင်းဂိုး ၂၆ ဂိုးရှိလာခဲ့ပေမယ့် မက်ဆီရဲ့ သွင်းဂိုး ၃၇ ဂိုးကို မမီနိုင်ဖြစ်ခဲ့ပါတယ်။ လာလီဂါမှာ မက်ဆီပြီးရင်တော့ အသင်းဖော်တိုက်စစ်မှူး ဆွာရက်ဇ်က ၂၉ ဂိုးသွင်းကာ ဒုတိယဂိုးသွင်းအများဆုံး ဖြစ်ခဲ့ပါတယ်။

play

 

ဒီနေ့ပွဲ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် လာလီဂါဘောလုံးရာသီမှာ ရှစ်နှစ်ဆက်တိုက် နှစ်တိုင်း ၂၅ ဂိုးအထက် ဂိုးသွင်းထားနိုင်တဲ့မက်ဆီရဲ့ စံချိန်ကို ရော်နယ်ဒိုလိုက်မီခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ စံချိန်ကို ရော်နယ်ဒို လိုက်မီခဲ့သလိုမာလာဂါအသင်းနဲ့တွေ့တိုင်း  ဂိုးသွင်းလေ့ရှိတဲ့စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက မာလာဂါအသင်းနဲ့ ၁၅ ကြိမ်တွေ့ရာမှာ ၁၅ ဂိုးသွင်းတဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါ ဖလားရခဲ့ပေမယ့် မက်ဆီကတော့ လာလီဂါမှာ ဂိုးသွင်းအများဆုံး ပီချီချီဆုကို လက်ခံရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါဆုအပြင် ချန်ပီယံလိဂ်ဖလား ချန်ပီယံဘွဲ့ကိုပါ ကာကွယ်ခွင့်အနေနဲ့ ဗိုလ်လုပွဲတက်ရောက်ထားပါတယ် ။

Source : Gaol

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ