မာလာဂါကိုအသင်းကို အနိုင်ရပြီးနောက် လာလီဂါချန်ပီယဖြစ်သွားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မက်ဒရစ်မြို့တော်ကို ညတွင်းချင်းပြန်လာပြီး ပရိသတ်တွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။

 

မာလာဂါအသင်းအိမ်ကွင်းမှာ သွားကစားခဲ့ရတဲ့ ရီးရဲလ်မက်ရဒရစ်အသင်းက ၀-၂ ဂိုးနဲ့ အနိုင်ရပြီးနောက်ချန်ပီယံ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ငါးနှစ်အတွင်း ပထမဆုံး လာလီဂါချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ညသန်းခေါင်ယံအချိန်မှာ ပရိသတ်တွေနဲ့အတူ မက်ဒရစ်မြို့အတွင်း ကားနဲ့လှည့်လည်ပြီးနောက် Plaza Cibeles ရင်ပြည်မှာ စုရုံးအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

play

 

အခု အမှတ်ပေးဖလားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၃၃ ကြိမ်မြောက် အမှတ်ပေးဖလား ဖြစ်ခဲ့ပြီး ဆယ်စုနှစ်ဝက်တစ်ခုအတွင်း ပထမဆုံးအမှတ်ပေးဖလား လည်းဖြစ်ပါတယ်။ " ကျွန်တော်တို့ ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်" လို့ ရော်နယ်ဒိုက အောင်ပွဲခံ အခမ်းအနားမှာ ပြောကြားခဲ့ပါသေးတယ်။

play

 

ရော်နယ်ဒိုဟာ လိုအပ်ချိန်တိုင်း၊ အရေးကြီးချိန်တိုင်း အမြဲတမ်း အသင့်ရှိနေတတ်သူဖြစ်တယ်လို့ နည်းပြဇီဒန်းကလည်း ချီးကျူးပြောကြားခဲ့ပါသေးတယ်။

play

 

" ရော်နယ်ဒိုက လိုအပ်ချိန်ဆို သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြတတ်ပါတယ်။ ဒါပေမယ့် ဒီအောင်ပွဲကတော့ ကစားသမားတွေအားလုံး ကြိုးစားမှုကြောင့်ပါ။ ပထမဆုံး ပွဲစဉ်ကစလို့ နောက်ဆုံးပွဲစဉ်အထိ အသင်းသားတွေအားလုံး အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်" လို့ ဇီဒန်းက ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ လာလီဂါ သွင်းဂိုးစံချိန်ကို ရော်နယ်ဒို လိုက်မီသွား

play

 

မက်ဒရစ်မြို့ Plaza Cibeles ရင်ပြင်မှာ ရီးရဲလ်မက်ဒရစ်အသင်း အောင်ပွဲခံပြီးနောက် ပရိသတ်တွေလည်း ညလုံးပေါက် အောင်ပွဲခံခဲ့ကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video