AD
AD
AD

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ ခု ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပမယ့်  ယူရိုပါလိဂ်ဖိုင်နယပွဲကြည့်ဖို့ ထွက်သွားပါပြီ။

play

 

"ကျွန်တော်အခု ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို သွားမှာပါ။ ဒူဘိုင်းထရန်ဆစ်။ပြီးရင် ပဲရစ်ကို ဝင်မယ်။ ပဲရစ်ကနေ တစ်ဆင့်မှ စတော့ဟုမ်းကို သွားမှာပါ။

အဓိကကတော့ စတော့ဟုမ်းမှာ ယူရိုပါလိဂ်ဖိုင်နယ် မန်ယူနဲ့ အေဂျက်စ်နဲ့ ကန်မှာ။ အဲဒီပွဲကို သွားကြည့်၊ သွားအားပေးမလို့ပါ" လို့ စိုင်းစိုင်းက ဗီဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။

play

 

ငယ်စဉ်က တောင်ကြီးမြို့မှာနေကတည်းက ဥပရောဘောလုံးပွဲတွေကို အားပေးခဲ့တယ်လို့ ဆိုတဲ့ စိုင်းစိုင်းဟာ မေလ ၂၂ ရက် မနက် ၁ နာရီကျော်ကတည်းက ထွက်ခွာသွားပြီလို့ လေယာဉ်ပေါ်မှာ ထိုင်နေတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ပရီးမီးယားလိဂ်ကို ကိုယ်စားပြုစားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ မန်ယူပွဲကို သွားကြည့်ရမှာ အရမ်းကို ရင်ခုန်ဖို့ကောင်းတယ်" လို့လည်း စိုင်းစိုင်းက ယင်းအင်တာဗျူးမှာ ဖြေထားခဲ့ပါတယ်။

မန်ယူအသင်းက လာမယ့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရဖို့ လိုအပ်လျှက်ရှိပါတယ်။ မန်ယူနဲ့ အေဂျက်ဇ်အသင်းတို့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို စတော့ဟုမ်းလ်မြို့မှာ လာမယ့် မေလ ၂၄ ရက်နေ့ ကစားကြမှာဖြစ်ပါတယ်။

Photos: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD