ယနေ့ည ကစားမယ့်ယူရိုပါလိဂ် ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ကစားဖို့ နည်းလမ်းတစ်ခုသာ ရှိတယ်လို့ အေဂျက်ဇ်နည်းပြ ပီတာဘော့ဇ်က ပြောပါတယ်။

အေဂျက်ဇ်အသင်း အသုံးပြုနေကျ ရိုးရာနည်းဗျူဟာအတိုင်း အကောင်းဆုံး အံဝင်အောင် ကစားနိုင်မယ်ဆိုရင် မန်ယူအသင်းကိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ နည်းပြပီတာဘော့ဇ်က ပြောပါတယ်။ ဗိုလ်လုပွဲမှာ ပိုပြီးအတွေ့အကြုံရှိတဲ့ မန်ယူအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားတာတော့ သဘာဝကျတယ်လို့ ဘော့ဇ်က ပြောခဲ့တာပါ။ မန်ယူနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အေဂျက်ဇ်အနေနဲ့ နည်းဗျူဟာအပြောင်းအလဲ ကြီးကြီးမားမား လုပ်စရာမလိုဘဲ အသင်းအသုံးပြုနေကျ ကစားကွက်ကိုသာ အသုံးပြုမယ်လို့ ပြောထားပါတယ်။

play

 

“ သေချာပါတယ်။ ဗိုလ်လုပွဲမှာလည်း ကျွန်တော်တို့အသင်းရဲ့ ရိုးရာကစားဟန်ကိုပဲ အကောင်းဆုံး ပုံဖော်ကစားရမှာပါ။ ဘာမှပြောင်းလဲဖို့ မကြိုးစားထားပါဘူး။ ပွဲအဖြေက ကျွန်တော်တို့ဘယ်လောက် ခြေစွမ်းပြနိုင်မလဲ၊ ကစားကွက်နဲ့ အံဝင်အောင် ဘယ်လောက်ကစားနိုင်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။ မန်ယူအသင်းကိုအနိုင်ကစားဖို့တစ်ခုတည်းသော နည်းလမ်းက ကျွန်တော်တို့ကစားဟန်အတိုင်းအကောင်းဆုံး ပုံဖော်နိုင်ဖို့ပါပဲ” လို့ အေဂျက်ဇ်နည်းပြ ပီတာဘော့ဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

play

 

မန်ယူနဲ့ ရင်ဆိုင်ရမယ့် အေဂျက်ဇ်အသင်းမှာ လူငယ်ကစားသမားများစွာ ပါဝင်လျက်ရှိပါတယ်။ ဒါပေမယ့် အသင်းကစားသမားတွေအနေနဲ့ အသက်ကြီးကြီးငယ်ငယ်ပြိုင်ပွဲ ကစားခဲ့တဲ့အခါ တုန်လှုပ်မနေဘူးဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အေဂျက်ဇ်နည်းပြက ပြောထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video