မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ ဓါးစာခံဖြစ်ခဲ့ရသူတွေအတွက် မန်ယူကစားသမားဟောင်း ပက်ထရစ်အီဗရာက ဘုရားရှေ့မှာ ရပ်ပြီး ဆုတောင်းပေးခဲ့ပါတယ် ။

 

ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ချက်စတအရီနာမှာ ပြုလုပ်ခဲ့တဲ့ အဆိုတော်အေရီယာနာ ဂရန်ဒီရဲ့ ရှိုးပွဲပိတ်သိမ်းချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၂ ဦးသေဆုံးခဲ့ပြီး ၅၀ နီးပါးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အနုပညာလောက နာမည်ကျော်တွေအပါအဝင် အားကစားလောကဘောလုံးအသင်းတွေနဲ့ ကစားသမားတွေကလည်း အကြမ်းဖက်ခံရသူတွေအတွက် ဆုတောင်းပေးလျှက်ရှိနေတာတွေ့ရပါတယ်။ မန်ယူကစားသမားဖြစ်ခဲ့ဖူးတဲ့ ပက်ထရစ်အီဗရာ ဘုရားဆင်းတုတော်ရှေ့မှာ မတ်တပ်ရပ်ပြီး လက်အုပ်ချီနေတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ ဝေမျှကာ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာနဲ့ အဝေးမှာ ရောက်နေပေမယ့် မန်ချက်စတာမှာ အကြမ်းဖက်ခံရသူတွေနဲ့ မိသားစုတွေနဲ့ အတူရှိကြောင်၊ ဆုတောင်းပေးပါကြောင်းအီဗရာက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အားကစားလောက နာမည်ကျော်တွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ ရော်နယ်ဒို၊ ရွန်နေး၊ ရက်ရှ်ဖို့ဒ်၊ စတဲ့သူတွေလည်း လူမှုကွန်ယက်ကတဆင့် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

play
မန်ယူအသင်းသားများ လေ့ကျင့်ခန်း အစီအစဉ်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်နေကြစဉ်

 

မန်ယူကစားသမားဟောင်းအီဗရာက လက်ရှိ ပြင်သစ်ကလပ်မာဆေးလ်အသင်းမှာ ကစားနေသူဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video