AD
AD
AD

ယူရိုပါလိဂ် ဗိုလ်လုပွဲ အားပေးဖို့စတော့ဟုမ်းမြို့ ရောက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်းက မန်ယူကစားသမား မက်ခီတာယန်းနဲ့ အေဂျက်ဇ်ကစားသမားယန်းနက်စ်တို့ရဲ့ ဂျာစီတွေလက်ဆောင်ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်က ဗိုလ်လုပွဲမကစားခင်မှာ ဒီကစားသမားနှစ်ဦးရဲ့ အမှတ်တရလက်ဆောင်ဂျာစီတွေနဲ့ ရိုက်ထားတဲ့ ပုံကို လူမှုကွန်ယက်ဖေ့စ်ဘွတ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ မက်ခီတာယန်းဟာ ဗိုလ်လုပွဲစဉ်မှာ မန်ယူအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

play

 

အမှတ်တရဂျာစီတွေလက်ဆောင်ရတဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ Sky Net တို့ကိုကျေးဇူးတင်ကြောင်းလည် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြထားပါတယ်။ မက်ခီတာယန်းက မန်ယူအသင်းအတွက် မနှစ်က နွေရာသီမှာ ရောက်လာတဲ့ ဒေါ့မွန်ကစားသမားဟောင်းတစ်ဦးပါ။ ယန်းနက်စ်ကတော့ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဂျာမနီကစားသမားဖြစ်ပြီး ဗိုလ်လုပွဲမှာ ၆၄ မိနစ်ပါကစားခဲ့သူ ဖြစ်ပါတယ်။

play

 

ဗိုလ်လုပွဲ ကြည့်ရှုအားပေးဖို့အတွက် စတင်ထွက်ခွာတုန်းကလည်း ဒီပွဲကြည့်ဖို့ ရင်တွေအရမ်းခုန်နေပြီဆိုပြီး အဆိုတော်သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါသေးတယ်။ ဗိုလ်လုပွဲမှာ မန်ယူအသင်းက ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက်နောက်ရာသီမှာ ချန်ပီယံ ဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD