AD
AD
AD

အေဂျက်ဇ်ကို မန်ယူအသင်း အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဗိုလ်လုပွဲဟာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဗိုလ်လုပွဲအပြီး ထွက်ပေးလာတဲ့ ထူးခြားချက်တွေ ရှိပါတယ်။

 

၁။ မော်ရင်ဟိုရဲ့ စံချိန်

play

 

မော်ရင်ဟိုဟာ ဗိုလ်လုပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်လာခဲ့ပါပြီ။ နည်းပြဘဝတစ်လျှောက်မှာ မော်ရင်ဟိုက ဗိုလ်လုပွဲ ၁၄ ကြိမ်တက်ခဲ့ပြီး ၁၂ ကြိမ်အနိုင်ရကာ ချန်ပီယံဖြစ်တဲ့စံချိန်ကို ရခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ နှစ်ပွဲသာရှုံးပြီး ၁၄ ပွဲနိုင်ခဲ့တဲ့အပြင် ပေးဂိုးမရှိ ရှစ်ပွဲကိုပါ မော်ရင်ဟို စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂။ မရဖူးတဲ့ဖလား မရှိ

play

 

မန်ယူအသင်းဟာ သူတို့ရနိုင်ချေရှိတဲ့ ဖလားမှန်သမျှကို ရယူခဲ့ပြီးပြီဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင်အထိ မန်ယူအသင်းဟာ ယူရိုပါလိဂ်ဖလားကို မရဖူးသေးတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ အခုတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်တစ်သင်းအနေနဲ့ ရနိုင်သမျှ ဖလားအားလုံးကို ရပြီးသွားခဲ့ပြီဖြစ်ပါတယ်။

နောက်ထပ် သတင်း - ၁၃ နှစ်ကြာပြီးနောက် မန်ယူအသင်းနဲ့ လမ်းခွဲတော့မယ့် ဝိန်းရွန်နေး

၃။ ရိုမီယိုရဲ့ အစွမ်း

play

 

ရိုမီယိုဟာ မန်ယူအသင်းရဲ့ဒုတိယဂိုးသမားသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဂိုးသမား ရိုမီယိုဟာ အသင်းအတွက် ၁၈ ပွဲ ကစားပေးခဲ့ပြီး အဲဒီအထဲက ၁၄ ပွဲအနိုင်ရပါတယ်။ ကျန်တဲ့လေးပွဲက သရေပွဲတွေဖြစ်ခဲ့လို့ ရှုံးပွဲမရှိခဲ့ပါဘူး။

၎။ မက်ခီတာယန်းရဲ့ အဆုံးအဖြတ်

play

နောက်ထပ် သတင်း - အချစ်ရေးကို အင်စတာဂရမ်မှာ တရားဝင် ဖွင့်ချလိုက်တဲ့ ရော်နယ်ဒို

ဒီရာသီ မန်ယူအသင်းရဲ့ ဥရောပပြိုင်ပွဲ ရှုံးထွက်အဆင့်နဲ့ ဗိုလ်လုပွဲစဉ်တွေမှာ(အုပ်စုအဆင့်ပွဲစဉ်များမပါ/) မက်ခီတာယန်းသွင်းယူတဲ့ဂိုး ငါးဂိုးအထိ ရှိလာခဲ့ပါတယ်။ မန်ယူကစားသမားတွေထဲမှာတော့ ရှုံးထွက်အဆင့်တွေမှာ တစ်ရာသီတည်းဒီလောက်ဂိုးသွင်းနိုင်တာ မက်ခီတာယန်း အများဆုံးပါပဲ။

၅။ ဆုဖလားတွေနဲ့ အကျိုးပေးတဲ့ပေါ့ဂ်ဘာ

play

 

ပေါ့ဂ်ဘာရဲ့ မန်ယူအသင်းပထမဆုံးရာသီဟာ ပရိသတ်ရဲ့မျှော်လင့်ချက်နဲ့ ခြေစွမ်းထပ်တူမကျလို့ ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၂၄ နှစ်သာရှိသေးတဲ့ပေါ့ဂ်ဘာဟာ ဖလား ဆယ်လုံးရရှိသွားပြီဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့အတူ စီးရီးအေဖလား လေးကြိမ်၊ ကိုပါအီတလီယာ နှစ်ကြိမ်၊ စူပါကိုပါဖလား နှစ်ကြိမ်၊ လိဂ်ဖလားတစ်ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ်ရရှိခဲ့ပြီးပါပြီ။

၆။ အသက်အငယ်ဆုံး အေဂျက်ဇ်

play

 

ဗိုလ်လုပွဲမှာ မန်ယူအသင်းကို ရင်ဆိုင်ခဲ့တဲ့  အေဂျက်ဇ်အသင်းလူစာရင်းဟာ ဥရောပဗိုလ်လုပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး လူစာရင်းဖြစ်ခဲ့ပါတယ်။ အေဂျက်ဇ်အသင်းရဲ့ ပွဲထွက်လူစာရင်းဟာ ပျှမ်းမျှ ၂၃ နှစ်အောက်သာရှိခဲ့လို့ပါ။ ဒီအသင်းရဲ့တန်ဖိုးကလည်း စုစုပေါင်း စတာလင်ပေါင် ၁၆ သန်းလောက်သာ ကျသင့်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD