AD
AD
AD

အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲမှာ မဲလာထည့်တဲ့ အမျိုးသားဟာ ရော်နယ်ဒိုနဲ့ တူလွန်းနေခဲ့တာကြောင့် မဲရုံတဝိုက် လူတွေပိုမိုစည်ကားသွားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရွေးကောက်ပွဲကို ပြည်သူတွေ မဲလာထည့်ခဲ့ကြတာဖြစ်ပါတယ်။ အီရန်အမျိုးသားတစ်ဦးက မဲထည့်ဖို့ မဲရုံလာတဲ့အချိန်မှာ သူဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဘောလုံးသမား ရော်နယ်ဒိုနဲ့ အလွန်တူနေခဲ့တာတွေ့ရပါတယ်။ မဲလာထည့်သူတွေက သူ့ကိုသတိထားမိသွားပြီးနောက် ဓာတ်ပုံရိုက်ဖို့၊ ဆယ်လ်ဖီအတူရိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

play
ပရိသတ်တွေနဲ့ လက်မလည်အောင် ဓာတ်ပုံရိုက်ခဲ့ရပါတယ်

 

ရီဇာအလီရီဇာလူလို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ မဲရုံတဝိုက်မှာ သူ့ရဲ့ပရိသတ်တွေနဲ့ အလုပ်ရှုပ်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုနဲ့ အလွန်တူတဲ့ ရီဇာက အီရန်နိုင်ငံ မဲရုံအတွင်း ပရိသတ်တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ ရီးရဲလ်မက်ဒရစ်က တကယ့်ရော်နယ်ဒိုအစစ်ကလည်း အသင်းနဲ့အတူ လာလီဂါနောက်ဆုံးပွဲ ကစားဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ခဲ့ပါတယ်။

play
မဲရုံမှာ မဲလာပေးတဲ့ ရီဇာ

play

 

တိုက်တိုက်ဆိုင်ဆိုင် သိပ်မကြာသေးခင်ကလည်း ဘာစီလိုနာကြယ့်ပွင့်ကစားသမား မက်ဆီနဲ့ အလွန်တူတဲ့ အမျိုးသားတစ်ဦး အီရန်နိုင်ငံမှာ နာမည်ကျော်လာခဲ့ပါသေးတယ်။ အဆိုပါအမျိုးသားကတော့ ရီဇာပါရာစတက်ရှ်လို့ အမည်ရပြီး ဘာစီလိုနာ အသင်းဂျာစီဝတ်ဆင်လိုက်ရင် မက်ဆီနဲ့ တကယ့်ကို တပုံစံတည်း ဖြစ်ခဲ့တဲ့သူပါ။

play
မက်ဆီနဲ့ အလွန်တူတဲ့ ရီဇာပါရာစတက်ရှ်

 

၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အီရန်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတရူဟာနီကပဲ ထပ်မံအနိုင်ရရှိခဲ့ပြီး သူ့ရဲ့ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD