ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက သူ့ရဲ့ချစ်သူ ဂျော်ဂျီယာ ရိုဒရီဂွက်ဇ်နဲ့ အချစ်ရေးကို အင်စတာဂရမ်မှာ တရားဝင်မှာ ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။

ရိုဒရီဂွက်ဇ်နဲ့ ရော်နယ်ဒို လက်တွဲလာကြတာ တစ်နှစ်လောက် ကြာပြီးချိန်ရောက်မှ ရော်နယ်ဒိုက သူတို့နှစ်ဦးတွဲ ဓာတ်ပုံနဲ့အတူ အင်စတာဂရမ်မှာ တရားဝင်တင်လိုက်တာဖြစ်ပါတယ်။ အိမ်မှာ ရှိနေကြစဉ် စကတ်အတို ဝတ်ထားတဲ့ ရိုဒရီဂွက်ဇ်က သူ့ရဲ့ရင်ခွင်ထဲ ရောက်နေတ့ ဓာတ်ပုံကို ရော်နယ်ဒိုက လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံမှာ ဘာစာသားမှ မရေးထားပေမယ့် အသည်းပုံ စတစ်ကာလေးတစ်ခုကို ရော်နယ်ဒို ထည့်သွင်းထားခဲ့တာ တွေ့ရပါတယ်။

play

 

ချစ်သူ ရိုဒရီဂွက်ဇ်ကလည်း ရော်နယ်ဒို ဓာတ်ပုံမတင်ခင် နှစ်ရက်လောက် အလိုကတည်းက ရော်နယ်ဒိုအပါအဝင် အခြားသူငယ်ချင်းမိတ်ဆွေတွေနဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ရော်နယ်ဒိုရဲ့ မိခင်အပါအဝင် မိသားစုနဲ့လည်း ရင်းနှီးနေသူ တစ်ဦး ဖြစ်နေပါပြီ။

play

 

ဂျော်ဂျီနာရိုဒရီဂွက်ဇ်က သာမန်မိန်းကလေးတစ်ဦးဖြစ်ပြီး ရော်နယ်ဒိုတစ်ယောက် မက်ဒရစ်မြို့မှာ မနှစ်က နွေရာသီ ဈေးဝယ်ထွက်ခဲ့စဉ် Gucci စတိုးဆိုင်မှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး ချစ်ကြိုက်သွားခဲ့ကြပြီး ပါရီမြို့မှာ ရော်နယ်ဒို ရုပ်ဖျက်ကာ ရိုဒရီဂွက်ဇ်နဲ့တွေ့ခဲ့စဉ် မီဒီယာတွေနဲ့ ပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video