AD
AD
AD

အလာဗက်စ်အသင်းကို ဘာစီလိုနာက ၃-၁ ဂိုးနဲ့ အနိုင်ယူလိုက်တဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ မက်ဆီနဲ့ နေမာတို့ ဂိုးသွင်းစံချိန်တွေ ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။  

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး နေမာက သူ ကစားခွင့်ရခဲ့တဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ နောက်ဆုံးသုံးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ မက်ဆီကတော့ ၁၉၆၀ ခုနှစ်ကတည်းက တင်ထားခဲ့တဲ့ စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။ ကိုပါဒယ်လ်ရေးဖလားလို့ ခေါ်တဲ့ စပိန်ဘုရင့်ဖလား ပြိုင်ပွဲရဲ့ မတူညီတဲ့ ဗိုလုပွဲ လေးပွဲမှာ မက်ဆီက ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီစံချိန်ကို ဘီဘာအိုအသင်း ကစားသမားဟောင်း တီလ်မိုဇာရာက ၁၉၆၀ ခုနှစ်မှာ တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီက အခုဗိုလ်လုပွဲအပါအဝင်  ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅ ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်လာခဲ့တာပါ။ မက်ဆီက ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အလာဗက်စ်အသင်းက ချေပဂိုး ပြန်သွင်းလို့ တစ်ဂိုးစီ သရေကျနေချိန်မှာ နေမာက ဒုတိယဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

နေမာက ၂၀၁၅ ခုစ် ဗိုလ်လုပွဲမှာ ဘီဘာအိုနဲ့တွေ့စဉ်ဂိုးသွင်းခဲ့သလို၊ ၂၀၁၆ ဗိုလုပွဲမှာလည်း ဆီဗီးလ်အသင်းကို ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ အခုလည်း ဂိုးသွင်းနိုင်ခဲ့လို ဗိုလ်လုပွဲ သုံးပွဲဆက်တိုက်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တာပါ ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD