ဘောလုံးလောကကနေ ခေတ္တအနားယူသွားတဲ့ နည်းပြနေရာမှာ ဘာစီလိုနာအသင်းက နည်းပြသစ် ဗယ်လ်ဗာဒီနဲ့ အစားထိုးလိုက်ပြီလို့ သိရပါတယ်။
နည်းပြသစ်ဗယ်လ်ဗာဒီဟာ ဘာစီလိုနာအသင်း ကစားသမားဟောင်းဖြစ်ပြီး UEFA Cup Winners Cup ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ အခုနည်းပြဖြစ်လာတဲ့ ဗယ်လ်ဗာဒီဟာ ဘာစီလိုနာအသင်းကို နည်းပြဂျိုဟန်ခရိုက်ဖ် ကိုင်တွယ်ခဲ့တုန်းက ကစားသမားအဖြစ် ကစားခဲ့သူဖြစ်ပါတယ်။
နည်းပြအင်းနရစ်က ဘာစီလိုနာအသင်းကို သုံးနှစ်ကြာကိုင်တွယ်ခဲ့ပြီးတဲ့နောက်မှာ အသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး ဘောလုံးလောကကနေ ခေတ္တအနားယူတော့မယ့်သူဖြစ်ပါတယ်။ နည်းပြဗယ်လ်ဗာဒီက ဘာစီလိုနာအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိတဲ့စာချုပ် ချုပ်ဆိုခဲ့ပြီး အောင်မြင်မှု ရခဲ့ရင် နောက်ထပ်တစ်နှစ် ထပ်မံကိုင်တွယ်နိုင်မယ့် သဘောတူညီချက် ပါရှိတယ်လို့ သိရပါတယ်။ အသင်းနည်းပြသစ်အဖြစ် ဗယ်လ်ဗာဒီကို ခန့်အပ်ကြောင်း အသင်းဥက္ကဌ ဘာတိုမြူက အတည်ပြုခဲ့တာပါ။
အာနက်စ်တိုဗယ်လ်ဗာဒီက ဥရောပဘောလုံးလောကမှာ လူသိနည်းတဲ့ နည်းပြတစ်ဦးဖြစ်ပေမယ့် စပိန်ဘောလုံးလောကအကြောင်း နှံ့စပ်သူဖြစ်ပြီး အက်စပန်ညို၊ အိုလံပီယာကို့စ်၊ ဗလန်စီယာ၊ ဗီလာရီးရဲလ်အသင်းတို့ကို ကိုင်တွယ်ခဲ့သူပါ။ ကစားသမားဘဝမှာလည်း စပိန်ပြည်တွင်းကလပ်အသင်းတွေမှာသာ ကစားခဲ့သူတစ်ဦး ဖြစ်ပါတယ်။
နည်းပြအင်းနစ်ရစ်က ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ် သုံးနှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ဆုဖလားကိုးလုံး ယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ အလာဗက်စ်အသင်းကို အနိုင်ယူပြီး ရခဲ့တဲ့ စပိန်ဘုရင့်ဖလားက နည်းအင်းနရစ် နောက်ဆုံးယူခဲ့တဲ့ ဖလားလည်း ဖြစ်ပါတယ်။
Source : Daily Mail