AD
AD
AD

နာမည်ကျော် ESPN ရုပ်သံလိုင်းက ဒုတိယအကြိမ်ထုတ်ပြန်လိုက်တဲ့ နာမည်ကျော် အားကစားသမား ၁၀၀ စာရင်းမှာ ရော်နယ်ဒိုက ဦးဆောင်လိုက်ပြန်ပါတယ်။

 

ရော်နယ်ဒိုက နံပတ်-၁ နေရာကို ရယူထားခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပြိုင်ဘက် ဘာစီလိုနာကြယ်ပွင့်ကစားသမား မက်ဆီကတော့ နာမည်ကျော်ကြားအားကစားသမား စာရင်းမှာ အဆင့်-၃ နေရာမှာသာ ရှိနေခဲ့ပြန်ပါတယ်။ ESPN က အကျော်ကြားဆုံး၊ အောင်မြင်မှုအရဆုံး အားကစားသမားစာရင်းကို ထုတ်ပြန်ရာမှာ တစ်ဦးချင်းဝင်ငွေရရှိမှု၊ လူမှုကွန်ယက်မှာ အောင်မြင်မှုနဲ့ အင်တာနက် search engine ဖြစ်တဲ့ Google မှာ ရှာဖွေမှု အကြိမ်ရေ စတာတွေကို တွက်ချက်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

play
နံပတ်-၁ ဖြစ်ခဲ့တဲ့ ရော်နယ်ဒို

 

ရီးရဲလ်မက်ဒရစ်အသင်းကစားသမား ရော်နယ်ဒိုက နံပတ်-၁ ဖြစ်ပေမယ့် နံပတ်-၂ နေရာကို ရခဲ့သူက ဘောလုံးသမား မဟုတ်ပါဘူး။ အမေရိကန်ဘတ်စ်ကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က အကျော်ကြားဆုံး အားကစားသမား စာရင်းရဲ့ နံပတ်-၂ နေရာမှာ ရှိနေခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမား မက်ဆီကတော့ အဆင့်-၃ ဖြစ်ပါတယ်။

play
နံပတ်-၃ နေရာမှာ ရပ်တည်ခဲ့တဲ့ မက်ဆီ

 

ထင်ရှားကျော်ကြားတဲ့ အားကစားသမား ၁၀၀ စာရင်းမှာ ဘောလုံးသမား အများစု လွှမ်းမိုးထားခဲ့ပြီး ၃၈ ဦးအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်ပြီး မန်ယူတိုက်စစ်မှူး ဇလေတန်အီဘရာဟီမိုဗစ်ခ်ျ၊ အာဆင်နယ်ကစားသမားဆန်းချက်ဇ်၊ ရွန်နေးတို့လည်း ပါဝင်လျက်ရှိပါတယ်။

play
အမေရိကန်ဘတ်စ်ကတ်ဘောသမား လီဘရွန်ဂျိမ်းစ်

 

ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဘောလုံးသမားဖြစ်တဲ့ ပေါ့ဂ်ဘာက အဆင့်-၄၀ နေရာမှာ ရှိခဲ့ပြီး ဂျပန်က တင်းနစ်ကြယ်ပွင့်ကစားသမား နီရှီကိုရီ၊ အိန္ဒိယခရစ်ကတ် ကစားသမားနှစ်ဦးဖြစ်တဲ့ ဗီရက်ခိုလီနဲ့ ဒိုနီဆင်းတို့ရဲ့ နောက်မှာသာ ရပ်တည်ခဲ့ရပါတယ်။ ထိပ်ဆုံး ဆယ်ဦးစာရင်းမှာတော့ ရော်နယ်ဒို၊ လီဘရွန်ဂျိမ်းစ်၊ မက်ဆီတို့အပြင် တင်းနစ်ကြယ်ပွင့် ဖက်ဒါးရား၊ ဂေါ့ဖ်နာမည်ကျော် မိုက်ကယ်ဆင်၊ ဘာာစီလိုနာကစားသမား နေမာ၊ အပြေးချန်ပီယံ အူလ်စိန်ဘို့လ်၊ ဘတ်စ်ကတ်ဘောကြယ်ပွင့် ဒူးရန့်၊ တင်းနစ်ကြယ်ပွင့် နာဒယ်နဲ့ ဂေါ့ဖ်နာမည်ကျော် တိုက်ဂါးဝုဒ်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD