ကိုယ့်ကိုကိုယ် နှိမ့်ချလွန်းပြီး ပြောလွန်းတာလည်း သိပ်မကောင်းဘူးလို့ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုက ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။

လာမယ့် ဇန်နဝါရီသုံးရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ မှာတွေ့ဆုံကြရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့မတွေ့ဆုံခင်မှာ ကိုယ့်အသင်းကို နှိမ့်ချပြီး မပြောလိုကြောင်းနဲ့ အနိုင်ကစားဖို့ ဗိုလ်လုပွဲကို အရောက်သွားမှာ ဖြစ်ကြောင်း ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ် TV နဲ့ မေးမြန်းခန်း အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းသမိုင်းတစ်လျှောက် ၁၂ ကြိမ်မြောက် ဥရောပဖလား ရဖို့ ကြိုးစားရမှာဖြစ်ပြီး အခုဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၁၉၈၉-၉၀ နောက်ပိုင်း ဥရောပဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာတော့မှာပါ။ ဗိုလ်လုပွဲမတိုင်ခင် ဒီအကြောင်းအများကြီး မစဉ်းစားချင်ကြောင်းနဲ့ ဘယ်သူအကောင်းဆုံးလဲဆိုတာကို လုပ်ရပ်နဲ့ သက်သေပြဖို့လိုကြောင်း ရော်နယ်ဒိုက အသင်းသားတွေကို သတိပေးလိုက်တာဖြစ်ပါတယ်။

play
ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် လေ့ကျင့်ခန်း ဆင်းနေတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားများ

 

“ ပွဲနေ့ကြရင် အားလုံး တက်ကြွလှုပ်ရှားနေကြမှာ အမှန်ပါပဲ။ ဒီတော့ ပွဲမစခင် အများကြီးမစဉ်းစားချင်ဘူး။ နှိမ့်ချပြောလွန်းတာလည်း သိပ်တော့မကောင်းပါဘူး။ သူတို့က အကောင်းဆုံးအသင်းတစ်သင်းဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း အသင်းကောင်းပါပဲ။ ကျွန်တော်တို့ အနိုင်ကစားမှာပါ” လို့ ရော်နယ်ဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video