AD
AD
AD

ချန်ပီယံလိဂ်ဗိုလ်လုပွဲက အနီးကပ်ဆုံးကို ရောက်ရှိလာပါပြီ။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံဆုကို ကာကွယ်နိုင်မလား၊ ဂျူဗင်တပ်အသင်းက နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဥရောပဖလားကို ရသွားမလား စိတ်ဝင်စားစရာပါ။

ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းကို အောက်အသင်းအဖြစ် လောင်းကစားဒိုင်တွေက သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဂျူဗင်တပ် ဗိုလ်လုပွဲမှာ အနိုင်ရပြီးချန်ပီယံ ဖြစ်နိုင်ချေရှိတဲ့ အချက် (၃) ချက်ရှိပါတယ်။

 

၁။ ဘူဖွန်ရဲ့ အကောင်းဆုံးအချိန်

play

 

ဂျူဗင်တပ်ဂိုးသမားဘူဖွန်ဟာ အသက် ၃၉ နှစ်ရောက်နေပါပြီ။ ဒီဗိုလ်လုပွဲက သူ့အတွက် နောက်ဆုံးဥရောပဗိုလ်လုပွဲတောင် ဖြစ်သွားနိုင်ပါတယ်။ ထူးထူးခြားခြားပဲ ဒီနှစ်ထဲမှာ ဂိုးသမားဘူဖွန် လက်စွမ်းပြနေတာ ပရိသတ်အားလုံး သတိထားမိကြပါတယ်။ ဘူဖွန်ဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်တက်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာအေစီမီလန်အသင်းကို ရှုံးခဲ့သလို၊ ၂၀၁၅ ခုနှစ်မှာလည်း ဘာစီလိုနာကို ရှုံးခဲ့ပြန်ပါတယ်။ ဂန္တဝင်ဂိုးသမား ဘူဖွန်တတိယအကြိမ်မြောက်အထိ ကံမဆိုးနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။ ကမ္ဘာ့ဖလား၊ စီးရီးအေနဲ့အတူ ပြည်တွင်းဖလားတွေရထားပြီးပြီဖြစ်တဲ့ ဂိုးသမား ဘူဖွန်မှာ ချန်ပီယံလိဂ်ဖလားသာ ရဖို့ကျန်ပါတော့တယ်။

 

၂။ မယုံနိုင်စရာ ခံစစ်

play

 

အီတလီ ကစားသမားတွေရှိတဲ့ ခံစစ်က ပိုပြီးတည်ငြိမ်ကာ လုံခြုံလေ့ရှိပါတယ်။ အခု ဂျူဗင်တပ်အသင်းရဲ့ ခံစစ်မှာ  ချီလီနီ၊ ဘာဇာဂလီ၊ ဘိုနုချီ စတဲ့ကစားသမားသုံးဦး ရှိနေပြီး ဒီရာသီ ချန်ပီယံလိဂ်အသင်းတွေထဲမှာ အကောင်းဆုံးခံစစ်လို့တောင် ဆိုနိုင်ပါတယ်။ အုပ်စုပွဲစဉ်တွေကစလို့ ဗိုလ်လုပွဲရောက်လာတဲ့အထိ ဂျူဗင်တပ်အသင်းဟာ သုံးဂိုးသာ ပေးထားခဲ့ရပါတယ်။

 

၃။ စံချိန်ချိုးနေသူများ

play

 

ဂျူဗင်တပ်အသင်းရဲ့ ဒီရာသီစံချိန်ချိုးမှုတွေက အံမခန်းဖြစ်ပါတယ်။ စီးရီးအေအမှတ်ပေးဖလားကို ခြောက်ကြိမ်မြောက်ရယူပြီး ကိုယ့်အသင်းရဲ့စံချိန်ကိုပြန်ချိုးထားပါတယ်။ စီးရီးအေမှာလည်း အိမ်ကွင်းမှာ ဆက်တိုက်နိုင်ပွဲအရဆုံးအသင်းဖြစ်ခဲ့ပါတယ်။ တစ်ရာသီတည်းမှာ အမှတ်အများဆုံးရတဲ့အသင်းလည်းဖြစ်သလို ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း (ဘောလုံးရာသီ နှစ်ရာသီမှ တစ်ဝက်စီပေါင်းထားခြင်း) ရမှတ် ၁၀၀ ပြည့်တဲ့ပထမဆုံး စီးရီးအေအသင်းဖြစ်လာပါတယ်။ ၂၀၁၁ နောက်ပိုင်း အကောင်းဆုံး ခံစစ်ပိုင်ဆိုင်ခဲ့တဲ့ စီးရီးအေအသင်းလည်း ဖြစ်နေပြန်ပါတယ်။

ဥရောပ ဘောလုံးသမိုင်းမှာတော့ တစ်နှစ်တည်းဖလားသုံးလုံးယူဖူးတဲ့အသင်း ခုနှစ်သင်းသာ ရှိပါတယ်။ ဂျူဗင်တပ်ရဲ့ ပြိုင်ဘက်အင်တာမီလန်လည်း ဖလားသုံးလုံး ရဖူးပါတယ်။ အခု ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ရခဲ့ရင် ဖလားသုံးလုံး ရမှာဖြစ်လို့ စံချိန်နောက်တစ်ခု ဝင်သွားမှာ ဖြစ်ပါတယ်။

Source :  Talkingbaws

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD