International Sports: နောက်ခံလူ ခေါ်ယူရေးမှာ ခေါင်းခဲစရာ ပြဿနာတွေကြုံနေရတဲ့ ချယ်လ်ဆီး

ရိုးမားနောက်ခံလူကိုလည်း မန်စီးတီးက ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ နောက်ခံကစားသမား သုံးဦးနဲ့ ပတ်သက်ပြီး အဆင်ပြေလုဆဲ အချိန်ရောက်မှ နည်းပြကွန်တီ ခေါင်းခဲစရာ ကိစ္စတွေ ကြုံနေရပါတယ်။

 

ခေါ်ယူဖို့ နီးစပ်နေပြီလို့ဆိုတဲ့ ရိုးမားအသင်း နောက်ခံကစားသမား ရိုဒီဂျာဟာလည်း မန်စီးတီးအသင်းက ကြားဖြတ်ခေါ်ယူမယ့်အရေးကို ချယ်လ်ဆီးစိုးရိမ်နေရပါတယ်။ ရိုးမားဗဟိုနောက်ခံလူရိုဒီဂျာဟာ ချယ်လ်ဆီးအသင်းကို ရက်ပိုင်းအတွင်းရောက်တော့မယ်လို့ ပြီးခဲ့တဲ့ စနေနေ့မှာ သတင်းထွက်ခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးအသင်းက ချက်ခြင်းဆိုသလို ရိုဒီဂျာကို ကြားဖြတ်ကမ်းလှမ်းမယ့်အခြေအနေတွေနဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီရင်ဆိုင်နေရပါတယ်။

play
ဂျူဗင်တပ် နောက်ခံလူ ဘိုနုချီ

 

နောက်ထပ် ဂျူဗင်တပ်ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘိုနုချီကိုလည်း ချယ်လ်ဆီးအသင်း ခေါ်ယူချင်ပေမယ့် ဘာစီလိုနာကပါ စိတ်ဝင်စားနေတာကြောင့် အခက်အခဲ ဖြစ်လျှက်ရှိပါတယ်။ ဘာစီလိုနာကလည်း ဒီနွေရာသီမှာ နောက်ခံလူကို အဓိကပစ်မှတ်ထားပြီးခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ နည်းပြ ကွန်တီ စိတ်ဝင်စားတဲ့ နောက်ထပ် ဂျူဗင်တပ်ခံစစ်ကစားသမား အဲလက်စ်ဆန်ဒရိုကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ပြင်နေပြီလို့ ဒီကနေ့ပဲ သတင်းထွက်လာပါတယ်။

play
ရိုးမားနောက်ခံလူ ရိုဒီဂျာ

 

နည်းပြကွန်တီ ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ နောက်ခံကစားသမားတွေအားလုံးဟာ လက်ရှိအချိန်ထိ အဆင်မပြေသေးတာကြောင့် ခေါင်းခဲစရာဖြစ်နေပါတယ်။ ချယ်လ်ဆီးအသင်းကို ရက်ပိုင်းအတွင်း ရောက်လာဖို့ အနီးစပ်ဆုံးကစားသမားက ရိုးမားနောက်ခံလူ ရိုဒီဂျာဖြစ်ပြီး မန်စီးတီးသာ ကြားဖြတ်ခေါ်ယူမှု မအောင်မြင်ခဲ့ရင် ချယ်လ်ဆီးခေါ်နိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။

play

 

ဂျာမနီလက်ရွေးစင်အဖြစ် ၁၆ ပွဲကစားထားတဲ့ ရိုဒီဂျာဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ စတုဂတ်အသင်းကနေ ပေါင် ၇.၆ သန်းနဲ့ ရိုးမားကို ပြောင်းလာသူ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အသင်းနောက်ခံကစားသမား နေသန်အာကေးကို ဘုန်းမောက်အသင်းထံ အပြီးရောင်းချလိုက်သလို ဂျွန်တယ်ရီလည်း အသင်းကထွက်ခွာပြီဖြစ်တဲ့အတွက် နောက်ခံကစားသမားတစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ