International Sports: မိမိအမှားကြောင့် ပေးလိုက်ရတဲ့ ဂိုးအတွက် ငိုကြွေးခဲ့တဲ့ ချီလီနောက်ခံလူ ဒီယက်ဇ်

ဒီယက်ဇ်ရဲ့ အမှားတစ်ချက်ဟာ ဗိုလ်လုပွဲမှာ ဂျာမနီအတွက် အနိုင်ဂိုးဖြစ်သွားပါတယ်။

ချီလီကစားသမား ဒီယက်ဇ်က သူ့ရဲ့အမှားကြောင့် ပေးလိုက်ရတဲ့ ဂျာမနီရဲ့ အနိုင်ဂိုးအတွက် ဗိုလ်လုပွဲ ပွဲအပြီးမှာ ငိုကြွေးပြီး ထွက်ခွာသွားခဲ့ရပါတယ်။

 

ပွဲချိန် ၂၀ မိနစ်မှာ ချီလီနောက်ခံလူ ဒီယက်ဇ်ရဲ့ လွဲချော်မှုကတဆင့် ဂျာမနီဘောလုံးရသွားပြီး စတင်းဒ်က အနိုင်ဂိုးသွင်းယူသွားခဲ့ပြီး ဂျာမနီအသင်းကို တိုက်ကြီးများဖလား ချန်ပီယံဖြစ်စေခဲ့တာပါ။ ချီလီအသင်းတစ်သင်းလုံး ပွဲချိန်ပြည့်အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်  မိမိရည် တစ်ကိုယ်ရေအမှားကတဆင့်ကတဆင့် ဂျာမနီအသင်းဖလားရစေမယ့် အနိုင်ဂိုး ပေးလိုက်ရလို့ ဝမ်းနည်းမိတယ်လို့  ကွင်းလယ်ကစားသမားဒီယက်ဇ်က ပြောပါတယ်။ ဂျာမနီဂိုးအတွက် မိမိအမှားဖြစ်ခဲ့ပြီး တာဝန်ရှိတယ်ဆိုပေမယ့် ခေါင်းမော့ရင်ကော့ကာ ဘောလုံးသမားဘဝကို ရှေ့ဆက်မယ်လို့ ဆိုပါတယ်။

play

 

ပွဲအပြီး အင်တာဗျူးဖြေကြားနေချိန်မှာ ဒီယက်ဇ်ဟာ ငိုကြွေးနေခဲ့တာလည်းတွေ့ရပါတယ်။ “ ကျွန်တော့်တစ်ဦးတည်းအမှားကနေ အသင်းကပေးဆပ်လိုက်ရပါတယ်။ အသင်းက တစ်ပွဲလုံး အကောင်းဆုံး ကစားခဲ့ပေမယ့် ကျွန်တော့်အမှားကိုတော့ ပြန်မဆယ်နိုင်တော့ပါဘူး။ ကျွန်တော်ကစားသမားဘဝတစ်လျှောက် အဆိုးဆုံးအမှားလို့တောင် ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက မိသားစုနဲ့ ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အရမ်းခံစားရဖူးတယ်။ အခုလည်း ဒီလိုမျိုး နာကျင်ခံစားရပြန်ပါပြီ” လို့ ဒီယက်ဇ်က မျက်ရည်တွေကြားထဲကနေ မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

ဒီယက်ဇ်ရဲ့ အမှားဟာ ချီလီအသင်းကို ချန်ပီယံဖြစ်ခွင့်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ပေမယ့် အပြစ်တင်စရာ လုံးဝမရှိဘူးလို့ အသင်းဖော် ဗီဒယ်က ကာကွယ်ပြောကြားခဲ့ပါသေးတယ်။ ဂျာမနီအသင်းဟာ လူငယ်အများစုကို ရွေးချယ်ပြီး ပြိုင်ပွဲဝင်ခဲ့ပေမယ့် ချန်ပီယံအောင်မြင်မှုကို ရရှိခဲ့ပါတယ်။

Source : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ