International Sports: ဘီဆစ်တပ်အသင်းကို ရောက်ရှိသွားတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ပေပေ

အချို့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကတော့ အံ့အားသင့်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံကစားသမား ပေပေကို တူရကီကလပ် ဘီဆစ်တပ်က ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

ရီးရဲလ်အသင်းမှာ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ပေပေဟာ အသင်းက စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘီဆစ်တပ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ပေပေက စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၀၇ ခုနှစ်မှာ ပေါ်တိုက နေ ရောက်ရှိလာတာ ဖြစ်ပြီး ပွဲပေါင်း ၃၅၀ နီးပါး ကစားကာ လာလီဂါဖလားသုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ရရှိခဲ့သူ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှု မရခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက ပေပေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ဆေးစစ်တဲ့အဆင့်ထိ ရောက်ခဲ့ပေမယ့် အပြောင်းအရွှ့ဟာ မအောင်မြင်ခဲ့ပါဘူး။ ပီအက်စ်ဂျီအသင်း အပြောင်းအရွှေ့ ပျက်ပြယ်ပြီးနောက်ပိုင်းမှာ ပေပေက ဘီဆစ်တပ်အသင်းကို ပြောင်းဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

play

 

ပေါ်တူဂီကစားသမား ပေပေဟာ ဘီဆစ်တပ်အသင်းနဲ့ သုံးနှစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၃.၂၅ သန်းခန့်ရရှိမယ်လို့ ကနဦး သိရပါတယ်။ ပေပေကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့သတင်းကို ဘီဆစ်တပ်အသင်းက အသင်းရဲ့ တရားဝင်တွစ်တာဝက်ဘ်ဆိုက်ကတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။

play

Source :  BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ