International Sports: ကာဆီးလက်မျက်နှာမမြင်ရလေ ကောင်းလေပဲဆိုတဲ့ ပီကေး

ကာဆီးလက်စ်တင်ထားတဲ့ ဓာတ်ပုံအောက်မှာ

ဘာစီလိုနာနောက်ခံလူ ပီကေးဟာ လူမှုကွန်ရက်မှာ သူငယ်ချင်းလည်းဖြစ် လာလီဂါပြိုင်ဘက်ဟောင်းဖြစ်တဲ့ ကာစီးလက်ကို နောက်ပြောင်ခဲ့ပါတယ်။

play

 

ပေါ်တိုအသင်းရဲ့ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် မက်ဆီကိုကို ထွက်ခွာခါနီး လေယာဉ်ပေါ်ကို မတက်မီ instagram ပေါ် ပတ်စ်ပို့စာအုပ်ကို မျက်နှာကိုဖုံးပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံကို ကာဆီးလက်က တင်လိုက်တဲ့အချိန်မှာ အကွက်ချောင်းနေတဲ့ပီကေးက "မင်းရိုက်ဖူးသမျှ ပုံထဲမှာ အကောင်းဆုံးပဲ။ မင်းမျက်နှာကြီး မမြင်ရတာ တော်တော်စိတ်သက်သာရာရပါတယ်"လို့ နောက်ပြောင်ပြီး comment ပေးခဲ့တာပါ။ ကာဆီးလက်နဲ့ပီကေးတို့ဟာ၂၀၁၅ ခုနှစ် ပေါ်တီဂီကလပ် ပေါ်တိုအသင်းကို ကာဆီးလက်မပြောင်းရွှေ့မီအချိန်ထိ လာလီဂါရဲ့အကြီးမားဆုံးပြိုင်ဘက်အသင်း၂သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့က ကစားသမားတွေဖြစ်ခဲ့ကြပါတယ်။

#emo#77iP##

A post shared by Iker Casillas (@ikercasillas) on

 

 ယင်းတို့နှစ်ဦးဟာ မိခင်နိုင်ငံအသင်းဖြစ်တဲ့ စပိန်အသင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာကို နည်းပြ ဒဲဘော့စ်က ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခင်က တွဲဖက်ညီစွာ ကစားခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ စပိန်လက်ရွေးစင် ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အသင်း ရှိတဲ့အခါ တစ်သင်းတည်း အတူကစားကြရပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကို ကိုယ်စားပြုကာ အယ်လ်ကလက်စီကိုဒါဘီအဖြစ် ကစားရတဲ့အခါ တစ်ခါတစ်ရံ အချင်းများကြရလေ့ရှိပါတယ်။

အခုတော့ ကာဆီးလက်စက ပေါ်တိုအသင်းကို ကိုယ်စားပြု ကစားပေးတဲ့သူ ဖြစ်နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ