International Sports: ဆန်းချက်ကို စံချိန်တင်လစာနဲ့စာချုပ်သစ် ချုပ်ဆိုတော့မယ့် အာဆင်နယ်

ယခုကမ်းလှမ်းချက်အရ ပရီးမီးယားလိဂ်မှာ စံချိန်တင်လစာရရှိတဲ့ ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။ ယခုနှစ်ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၂၂၅၀၀၀ နဲ့ဆုချီးမြှင့်ငွေ စုစုပေါင်း ပေါင်၂၇၅၀၀၀ တန် စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တဲ့အတွက် ပေါင် ၃ သိန်းအထိ တိုးမြှင့်ပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

play

 

အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်အသင်းမှာ ဆက်ရှိနေမလား အသင်းပြောင်းရွေ့မလားဆိုတာ မသေချာသေးဘဲ ယခု ကမ်းလှမ်းချက်အရ ပရီးမီးယားလိဂ်မှာ စံချိန်တင်လစာရရှိတဲ့ ကစားသမားဖြစ်လာ   မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဆန်းချက်ဇ်အနေနဲ့ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။ အကယ်၍ ဆန်းချက်ဇ်အနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ လက်မခံခဲ့ ဘူးဆိုရင် အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နှစ် နွေရာသီမှာ ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုရဖွယ် ရှိနေပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ လာမယ့်သောကြာနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်နဲ့ နောက်တစ်ပတ်မှာ ကန်ရမယ့် စတုတ်စီးတီး အသင်းနဲ့ ပွဲစဉ်ကို ဒဏ်ရာ ပြဿနာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

Source-Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ