International Sports: ဒေါ်လာလေးသိန်းခွဲတန် ကားအသစ်တစ်စီး ထပ်ဝယ်လိုက်တဲ့ ရော်နယ်ဒို

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားပြီးတဲ့နောက် ရော်နယ်ဒိုက သူ့ရဲ့ကားအသစ်ကို ထုတ်ပြလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက သူ့ရဲ့နောက်ဆုံး ဝယ်ယူထားတဲ့ ကားအသစ်စက်စက် တစ်စီးကိုထုတ်ဖော်ပြသလိုက်ပြန်ပြီဖြစ်ပါတယ်။

 

ပေါ်တူဂီအသင်းနဲ့အတူ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရော်နယ်ဒိုက ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကစားပေးခဲ့ရာမှာ နှစ်ပွဲလုံးအနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဖာရိုးလ်ကျွန်းစုကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူခဲ့သူဖြစ်ပါတယ်။ အခုနိုင်ငံလက်ရွေးစင်အသင်းတာဝန်တွေ ပြီးဆုံးပြီးနောက် အိမ်ပြန်လာတဲ့အခိုက်မှာ ရော်နယ်ဒိုရဲ့ သူ့ရဲ့ Ferrari F12 TDF ကားအသစ်ကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။

play

 

ကားအသစ်နဲ့ အတူ ရိုက်ထားတဲ့ဓာတ်ပုံကို  ရော်နယ်ဒိုက အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ ဒီကားရဲ့ တန်ကြေးဟာ ဘာအပိုကြေးမှာ မပါသေးဘဲနဲ့ အသားတင်တန်ဖိုး စတာလင်ပေါင် သုံးသိန်းခွဲ(ဒေါ်လာလေးသိန်းခွဲခန့်)လောက် ရှိတယ်လို့ သိရပါတယ်။ ဒီကားဟာ စက်စတင်နှိုးပြီး ၂.၉ စက္ကန့်အတွင်းမှာပဲ အမြန်နှုန်း တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်းနဲ့ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

play

 

ရော်နယ်ဒိုဟာ ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမားတစ်ဦးဖြစ်လို့ တန်ဖိုးကြီးဇိမ်ခံကားတွေ ဝယ်ယူတာ သူ့အတွက် သိပ်အဆန်းတကြယ်တော့ မဟုတ်တော့ပါဘူး။ မနှစ်ကလည်း Bugatti Veyron အမျိုးအစား တန်ဖိုးကြီးကားကို ဝယ်ယူခဲ့ပါသေးတယ်။ ရော်နယ်နယ်ဒိုမှာ နာမည်ကျော် မာစီဒီးစ်အမှတ်တံဆိပ်ကားအမျိုးအစားတွေလည်း ရှိပါသေးတယ်။

play
ရော်နယ်ဒိုဝယ်ယူလိုက်သည့် အရောင်ကွဲ Ferrari F12 TDF

 

ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလား အုပ်စုပွဲခြေစစ်ပွဲစဉ်တွေအတွင်းမှာ ဆွစ်ဇာလန်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားလို့ ဒုတိယနေရာ ရပ်တည်လျက်ရှိပါတယ်။ ဒီတစ်ပတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါပွဲစဉ်အဖြစ် လီဗန်တေးအသင်းနဲ့ ကစားရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ