International Sports: ပွဲပျက်ခဲ့တဲ့ တောင်အာဖရိကနဲ့ဆီနီဂေါပွဲမှ ကွင်းလယ်ဒိုင်ကို ရာသက်ပန် ပွဲပယ်

ကွင်းလယ်ဒိုင် ဂျိုးဇက်လမ်းတေး အနေနဲ့ အဆိုပါ ပွဲစဉ်အတွက် လာဘ်စားခဲ့တာကြောင့်လည်း ယခုလို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ တောင်အာဖရိကနဲ့ ဆီနီဂေါ အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲတဲ့ ကွင်းလယ်ဒိုင် ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ရာသက်ပန် ပွဲပယ် ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်။

play
ပွဲပျက်ခဲ့တဲ့ တောင်အာဖရိက၂-၁ ဆီနီဂေါ ပွဲစဉ်

 

အဆိုပါ ဂါနာ ကွင်းလယ်ဒိုင် ဂျိုးဇက်လမ်းတေး အနေနဲ့ အဆိုပါ ပွဲစဉ်အတွက် လာဘ်စားခဲ့တာကြောင့်လည်း ယခုလို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play
ဂါနာ ကွင်းလယ်ဒိုင် ဂျိုးဇက် လမ်းတေး

 

နိုဝင်ဘာလမှာ ကစားခဲ့တဲ့ အဆိုပါ ခြေစစ်ပွဲစဉ်တွင် တောင်အာဖရိကအသင်းဖက်ကို လက်ထိဘော ပင်နယ်တီ ကန်ခွင့် ပြုလိုက်ခဲ့ပါတယ်။အဆိုပါ ပင်နယ်တီကို ရုပ်သံကနေ ပြန်လည် စစ်ဆေးခဲ့ရာမှာတော့ ဆီနီဂေါ အသင်း နောက်ခံလူ အနေနဲ့ လက်နဲ့မထိခဲ့ပဲ ဒူးနဲ့ထိခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာတော့ တောင်အာဖရိကက ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။

လမ်းတေးအနေနဲ့ ကွင်းလယ်ဒိုင်အဖြစ် ပြီးခဲ့တဲ့ မတ်လကတည်းက ပွဲပယ်ခံခဲ့ရတာဖြစ်ပေမယ့်လည်း ဆုံးဖြတ်ချက် ကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အားကစား ခုံရုံက ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

လမ်းတေးအနေနဲ့ ပြီးခဲ့ ရီယို အိုလံပစ် ပြိုင်ပွဲမှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်ရဲ့ တိုင်ကြားမှုကြောင့် ပြန်လည်စစ်ဆေးခဲ့ရာမှ ယခုလိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ပေးခြင်း ခံခဲ့တာလည်း ဖြစ်ပါ တယ်။

လက်ရှိအချိန်မှတော့ ဆီနီဂေါအသင်းနဲ့ တောင်အာဖရိကအသင်းတို့မှာ ဘာကီနာဖာဆိုနဲ့ ကိပ်ဗာဒီ ကျွန်းစု အသင်းတို့ရဲ့နောက် တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပြီး အုပ်စုတွင်း ထိပ်ဆုံးတစ်သင်သာလျှင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တက်လှမ်းခွင့်ရမှာလည်း ဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်ကို လာမယ့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်ကစားစေမယ်လို့လည်း သိရပါတယ်။

Postby

Source- BBC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ