International Sports: ဥက္ကဌကြီးက ဟာသပဲလို့ တုန့်ပြန်လိုက်တဲ့ နေမာ

အပြောင်းအရွှေ့မှာနေမာရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ နေမာရဲ့ဖခင်ကို ယုံကြည်မိခဲ့တာမှားတယ်လို့ ဘာတိုမြူက ပြောခဲ့တာပါ။

play

 

ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာဟာ သူ့ရဲ့ဖခင်နဲ့ပတ်သက်ပြီး ဘာတိုမြူပြောခဲ့တဲ့စကားကြောင့် လူမှုကွန်ရက်မှာ ဘာတိုမြူကို ရည်ညွှန်းပြီး ဟာသပဲလို့ ရေးသားခဲ့ပါတယ်။

နေမာဟာ ယခုနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားဖြစ်ပါတယ်။

play

 

ဘာတိုမြူက အားကစားသတင်းစာတစ်ခုကို နေမာရဲ့ဖခင်ဖြစ်သူကို နေမာရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်မိတာ အလွန်မှားတဲ့ကိစ္စတစ်ခုကို ကျူးလွန်ခဲ့တာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

နေမာက ဘာတိုမြူရဲ့ပြောစကားကို တင်ခဲ့တဲ့အားကစားသတင်းစာရဲ့ အင်စတာဂရမ်စာမျက်နှာအောက်မှာ ဥက္ကဌကြီးက ဟာသပဲလို့ ဝင်ပြီး ရေးခဲ့ပါတယ်။

Postby

 

ဘာစီလိုနာအသင်းဟာ နေမာရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် လီဗာပူးအသင်းရဲ့ကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးအသင်းက လုံးဝ မရောင်းနိုင်ဘူးလို့ ပြတ်ပြတ်သားသားတုန့်ပြန်ခဲ့ပါတယ်။

play

ဒါပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး အူ့စ်မန်းဒမ်ဘီလီကို ပေါင် ၉၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အတွက် နေမာရဲ့နေရာမှာ အစားထိုးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ နေမာကတော့ ပြင်သစ်လီဂူးဝမ်းမှာ ပီအက်စ်ဂျီအသင်းအတွက် ၃ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်နေပါပြီ။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ