International Sports: နေမာ ဘလွန်းဒီအော်ဆုရဖို့ အစွမ်းကုန် ကူညီပေးမယ့် ဘက်ပေး

အသင်းဖော် နေမာ ဘလွန်းဒီအော်ဆုရအောင် ကူညီပေးသွားမယ်လို့ ပီအက်စ်ဂျီကစားသမားသစ် ဖြစ်လာတဲ့ ဘက်ပေးက ပြောကြားလိုက်ပါတယ်။

 

ပီအက်စ်ဂျီအသင်းကို မိမိရောက်လာတဲ့ အကြောင်းအရင်းမှာ နေမာက  အဓိကမဟုတ်ဘူးဆိုပေမယ့် နေမာကို ဂိုးတွေပိုသွင်းလာနိုင်အောင်၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရရှိအောင် ကူညီပေးသွားမယ်လို့ ဘက်ပေးက ပြောပါတယ်။ ဘက်ပေးဟာ မိုနာကိုအသင်းထံက ပီအက်စ်ဂျီကို ဒီရာသီအငှားစာချုပ်နဲ့ ရောက်လာတာဖြစ်ပြီး နောက်ရာသီမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၈၀ နဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

play

 

ဘက်ပေးကို ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာ မက်ဆီနဲ့ ရော်နယ်ဒို လောင်းရိပ်အောက်ကနေ ရုန်းမထွက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ပြီးနောက် ပီအက်စ်ဂျီမှာ နေမာ ဘလွန်းဒီအော်ဆု ပိုင်ဆိုင်နိုင်အောင် ကူညီကြိုးပမ်းပေးသွားမယ်လို့ ဘက်ပေးက ပြောပါတယ်။ ဘလွန်းဒီအော်ဆုနဲ့ ပတ်သက်ပြီး ဘက်ပေးကို မီဒီယာတွေက မေးမြန်းတဲ့အခါ “ ကျွန်တော့်မှာ ဒီဆုကို ရနိုင်ချေရှိတဲ့ အသင်းဖော် ရှိပြီးသားပါ။ ကျွန်တော့်ရည်မှန်းချက်က ဂိုးတွေသွင်းမယ်။ နေမာကို ကူညီပေးမယ်။ သူဘလွန်းဒီအော်ဆု ရဖို့ ကျွန်တော်အစွမ်းကုန် ကူညီမယ်” လို့ ဘက်ပေးက ပြောခဲ့တာဖြစ်ပါတယ်။

play
လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် နေမာနှင့် ဘက်ပေး

 

ဘက်ပေးနဲ့ နေမာကိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်း အသုံးပြုရတဲ့ ငွေကြေးပမာဏဟာ ယူရိုသန်း ၄၀၀ အထိ ရှိလာခဲ့ပါတယ်။ နေမာအတွက် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာကို ယူရို သန်း ၂၂၀ လျော်ကြေးပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

Postby

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ