International Sports: မန်စီးတီးအသင်းပိုင်ရှင်ကို ဥပဒေကြောင်းအရ အရေးယူသင့်

ယူအီးအက်ဖ်အေ အနေနဲ့ကတော့မန်စီးအသင်းကို စစ်ဆေးမေးမြန်းဖို့ အစီအစဉ် မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘတ်က မန်စီးတီးအသင်းပိုင်ရှင်အနေနဲ့ ငွေကြေးများစွာ သုံးစွဲမှုကြောင့် အရေးယူခံရ သင့်တယ်လို့ စွပ်စွဲပြောခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ကစားသမားခေါ်ယူနိုင်ရေးအတွက် အသင်းရဲ့ ဘဏ္ဍာငွေတင်မကပဲ ပိုင်ရှင်ရဲ့ အာမခံချက်နဲ့ စာချုပ်ချုပ်ဆို သက်တမ်းတိုးတာတွေ ပြုလုပ်တာနဲ့ ပက်သက်ပြီး အခုလို စွပ်စွဲပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း တိဘတ်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မန်စီးတီးအသင်းက စိတ်ကူးယဉ်ဆန်တယ်လို့ ပြန်လည် တုံ့ပြန် ခဲ့ပါတယ်။

မန်စီးတီးဘောလုံးအသင်းကို အဘူဒါဘီ ယူနိုက်တက် အုပ်စုက ၂၀၀၈ ခုနှစ်မှာ ၀ယ်ယူခဲ့တာ ဖြစ်ပြီး ယခုနှစ် နွေရာသီ ဈေးကွက်မှာ ပေါင် ၂၁၅ သန်းသုံးစွဲပြီး ငွေကြေးအမျာဆုံးသုံးစွဲထားတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်နေပါတယ်။

"ကျွန်တော် ရုပ်သံကနေ ငွေကြေးများစွာ ရရှိဖို့ လိုပါတယ်။ဒါပေမယ့် မန်စီးတီးအသင်းကတော့ မလိုပါဘူး။ ကစား သမားတွေခေါ်ယူနိုင်ဖို့ ဆီပဲ လိုအပ်တာပါ။" လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အားကစား ကွန်းဖရန့် တစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ အနေနဲ့ကတော့ ငွေကြေးများစွာ သုံးစွဲနေတာနဲ့ ပက်သက်ပြီး မန်စီး အသင်းကို စစ်ဆေးမေးမြန်းဖို့ အစီအစဉ် မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း တိဘတ်ရဲ့ အဆိုပြုမှု ဟာ ဆွေးနွေးမှုတစ်ရပ်အဖြစ်သာ ရှိခဲ့ပါတယ်။

Postby

Source-BBC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ