International Sports: အစ္စကိုနဲ့ရီးရဲ သက်တိုးတိုး စာချုပ်ချုပ်ဆိုမည်

စာချုပ်သစ်ရဲ့ သက်တမ်းကို မကြာခင် သိရတော့မှာပါ။

အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား အစ္စကို စာချုပ်သစ် ချုပ်ဆိုဖို့ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရသွားခဲ့ပြီလို့ သိရပါတယ်။

play

 

အသင်းနဲ့ အစ္စကို စာချုပ်သစ်ချုပ်ပြီးတဲ့အခါ ကြေညာချက်တစ်ခုကို မကြာခင် ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမယ် လို့ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ်က ပြောပါတယ်။ အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အပြင် ပြီးခဲ့တဲ့ တစ်ပတ်က အီတလီကို စပိန်အသင်း အနိုင်ရတဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူခဲ့သူ ဖြစ်ပါ တယ်။

play

 

ကွင်းလယ်ကစားသမား အစ္စကိုအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလပတ်လုံး တစ်နှစ်လျှင် ပျှမ်းမျှ ပွဲ၃၀ ပွဲထွက်ကစားခွင့် ရရှိခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ အီတလီအသင်းနဲ့ ကစားခဲ့တဲ့နိုင်ငံတကာ ခြေစစ်ပွဲစဉ်မှာလည်း စပိန်အသင်းအတွက် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီးစာချုပ်သစ်ရဲ့ သက်တမ်းကို မကြာခင် သိရတော့မှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ