International Sports: နိုင်ငံတကာပြိုင်ပွဲအားလပ်ရက်မှာ ချစ်သူနဲ့ဇိမ်ခံလှေပေါ်မှာ အပန်းဖြေနေတဲ့ မာရီယိုဂေါ့ဇီ

ဂျာမနီအသင်းရဲ့လူစာရင်းမှာ မပါဝင်တဲ့အတွက် အားလပ်ရက် ရနေတာဖြစ်ပါတယ်။

play

 

ဒေါ့မွန်အသင်းရဲ့ကွင်းလယ်ကစားသမား မာရီယိုဂေါ့ဇီဟာ ဂျာမနီအသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံရထားတဲ့အတွက် နိုင်ငံတကာပြိုင်ပွဲတွေကြောင့် လိဂ်ပြိုင်ပွဲတွေ နားထားပြီး ပြန်လည်မစတင်ခင်မှာ သူ့ရဲ့ချစ်သူနဲ့ ဇိမ်ခံသင်္ဘောပေါ်မှာ အပန်းဖြေအနားယူနေတာ တွေ့ရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂေါ့ဇီဟာ သူ့ရဲ့အားလပ်ရက်တွေကို သူ့ရဲ့ချစ်သူ ဘရွန်းမဲလ်နဲ့အတူ ကုန်ဆုံးနေတာဖြစ်ပါတယ်။ ဂေါ့ဇီတို့စုံတွဲဟာ မိုင်ယော့ကာ ကမ်းရိုးတန်းရဲ့ အက်ဒရီယာနိုဆိပ်ကမ်းမှာရှိတဲ့ ဇိမ်ခံလှေကြီးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဓာတ်ပုံရိုက်ပေးပြီး ပျော်ရွှင်နေကြတာဖြစ်ပါတယ်။

play

 

ဂေါ့ဇီနဲ့ဘရွန်းမဲလ်တို့ဟာ ဂျာမနီအသင်းအတွက် ဂေါ့ဇီ စတင်ပါဝင်ကစားခွင့်ရခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ကြတဲ့ ချစ်သူတွေဖြစ်ပြီး ဂေါ့ဇီဟာ ဒေါ့မွန်အသင်းရဲ့ ကစားကွက်ဖန်တီးရှင်ဖြစ်ပြီး ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ ဂေါ့ဇီရဲ့ ဇီဝဖြစ်စဉ်ချို့တဲ့မှုရောဂါကြောင့် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီး ယခုယှဉ်ပြိုင်ကစားနေတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း လွဲချော်နေတာဖြစ်ပါတယ်။

Postby

 

ဒါပေမယ့် ဂေါ့ဇီအနေနဲ့ ယခုနှစ် ဘွန်ဒစ်လီဂါရာသီအစ ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဝုစ်ဘတ်အသင်းနဲ့ ဟာသာဘာလင်အသင်းတို့ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသပြီး ကြံ့ခိုင်မှုပြန်လည်ရရှိနေပြီဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်း ကြံ့ခိုင်မှုပြန်လည်ရရှိလာနေတဲ့ ဂေါ့ဇီကို အနားပေးတဲ့အနေနဲ့ ယင်းပွဲစဉ် ၂ ပွဲစလုံးမှာ မိနစ် ၆၀ ကျော်မှာ လူစားလဲလှယ်ခဲ့ပါတယ်။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ