International Sports: မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီးရက်ဇ် ပြော

ရီးရဲမက်ဒရစ်အသင်းဥက္ကဌရာထူးကို ၂၀၀၀ ပြည့်နှစ်မှာ စတင်တာဝန်ယူခဲ့တဲ့ပီးရက်ဇ်က မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဥက္ကဌ ပီးရက်ဇ်က ကြယ်စင်စုကစားသမားတွေ ခေါ်ယူနိုင်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လွန် အချိန်ကာလတွေတုန်းက မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play
play

 

ပီရက်ဇ်ဟာ ဥက္ကဌရာထူးကို စတင်တာဝန်ယူခဲ့တဲ့နှစ်ကနေစပြီး ဇီဒန်း၊ ဖီဂို၊ ဒေးဗစ်ဘက်ခမ်းနဲ့ ရော်နယ်ဒို စတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။

play
play

 

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ပီးရက်ဇ်ဟာ ရီးရဲမက်ဒရစ်အသင်းဥက္ကဌရာထူးကို ၂၀၀၀ ပြည့်နှစ်မှာ စတင်တာဝန်ယူခဲ့ပြီး ပထမဦးစားပေးအနေနဲ့ ခေါ်ယူချင်ခဲ့တဲ့ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ် ရရှိထားပြီး ဘာစီလိုနာ လူငယ်အကယ်ဒမီကတည်းက ထူးခြားတဲ့ပါရမီအခံကြောင့် ၂၀၀၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့တဲ့ မက်ဆီ ဖြစ်ပါတယ်။

play

 

"သူက ဇီဒန်းလိုမျိုး ကစားသမားပါ"လို့ ပြောခဲ့ပါတယ်။

ယခုအချိန်မှာတော့ ပီးရက်ဇ်အနေနဲ့ ဘာစီလိုနာအသင်းကနေ မက်ဆီကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။

Postby

 

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါဖလား ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရယူပေးထားနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၅ ကြိမ်အထိ ရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။

"ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ပထမဆုံးခေါ်ယူမှုက သူပါပဲ"

"ဒါပေမယ့် လက်ရှိအချိန်မှာ သူက ဘာစီလိုနာအသင်းရဲ့ကစားသမားတစ်ယောက်ပါ"

"သူက ဘာစီလိုနာအသင်းမှာ ကလေးဘဝကတည်းက ရှိနေတာလေ။ သူ့ကို ခေါ်ယူဖို့ဆိုတာ အရမ်းခက်ခဲပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ