International Sports: အလီရဲ့ အပြုအမူအပေါ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ စုံစမ်းဖို့ လုပ်ဆောင်နေ

ဒယ်လ်အလီကတော့ အဆိုပါ အပြုအမူမှာ ကွင်းလယ်ဒိုင်ကို ပြုမူခဲ့တာ မဟုတ်ပဲ အသင်းဖော် ဝေါ်လ်ကာကို ကျီစယ်ခဲ့တာ ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ဆလိုဗက်ကီးယားအသင်းတို့ရဲ့ ပွဲကစားချိန်အတွင်း ဒယ်လ်အလီရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

ဒယ်လ်အလီအနေနဲ့ အဆိုပါ ပွဲကစားနေစဉ် ပွဲချိန် (၇၇)မိနစ်အရောက်မှာ ဆလိုဗက်ကီးယား နောက်ခံလူ မာတင် စကာတယ်နဲ့ ဘောလုံး ယှဉ်လုရာမှ လဲကျခဲ့တာကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမပေးပဲ ဘောလုံးဆက်ကစားစေခဲ့တာကြောင့် မကျေမနပ်ဖြစ်ကာ လက်ခလယ် ထောင်ပြခဲ့တာ ဖြစ်တယ်လို့ ကွင်းလယ်ဒိုင်ရဲ့ report မှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ဒယ်လ်အလီကတော့ အဆိုပါ အပြုအမူမှာ ကွင်းလယ်ဒိုင်ကို ပြုမူခဲ့တာ မဟုတ်ပဲ အသင်းဖော် ဝေါ်လ်ကာကို ကျီစယ် ခဲ့တာသာ ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

 

ဒါ့အပြင် စပါးနည်းပြ ပွန်ချက်စ်တီနိုကလည်း- "ဒါဟာ ကစားဖော်အချင်းချင်း စနှောက်ကျီစယ်တာ သက်သက်သာ ဖြစ်ပါတယ်။ ကံမကောင်း စွာနဲ့ပဲ ကင်မရာက ဒါကို ရိုက်မိခဲ့တကြောင့်အခုလို အထင်မှားစေမိတာတွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်" လို့လည်း ကာကွယ် ပြောဆို ပေးခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ အဆိုပါ ပွဲစဉ်ရဲ့ ဗီဒီယို ရုပ်သံကို ပြန်လည် ကြည့်ရှု ဆန်းစစ်ကာ စစ်ဆေးအရေးယူမှု ပြုလုပ်နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Postby

Source- BBC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ