International Sports: ပီအက်စ်ဂျီအသင်းအတွက် ပွဲဦးထွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘတ်ပေး

ပီအက်စ်ဂျီအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဘတ်ပေးက သွင်းယူပေးခဲ့တာပါ။

play

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မက်တ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ မိုနာကိုအသင်းကနေ ကာလရှည်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပေး ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ပထမဆုံးပွဲဦးထွက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို နေမာရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ကာဗာနီက သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်တ်အသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပြီး ၃၇ မိနစ်မှာ အီမန်နျူရယ်ရီဘီအဲက မက်တ်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅၆ မိနစ်မှာ တန်ပြန်တိုက်စစ်ဆင်လာတဲ့ ဘတ်ပေးကို တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကစားသမားဟောင်း အီကော်တိုက ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ တစ်ယောက်လျော့သွားတဲ့ မက်တ်အသင်းဟာ ပီအက်စ်ဂျီအသင်းကို လုံးဝမယှဉ်နိုင်တော့ဘဲ ၅၉ မိနစ်မှာ ဘတ်ပေးက ပီအက်စ်ဂျီအသင်းအတွက် ပွဲဦးထွက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Postby

 

ဆက်လက်ပြီး ၆၉ မိနစ်မှာ နေမာ၊ ၇၅ မိနစ်မှာ ကာဗာနီတို့က ပီအက်စ်ဂျီအသင်းအတွက် ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပြီးဆုံးခါနီး ၈၇ မိနစ်မှာ လူးကတ်မိုရာက ပီအက်စ်ဂျီအသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပြီး ၅ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ