International Sports: ဆဲလ်တစ်ပရိသတ်တစ်ဦးက ကွင်းအတွင်းဝင်ရောက်ပြီး ဘတ်ပေးကို ပြေးကန်ခဲ့

ကန်ချက်က ဘတ်ပေးကို မထိခဲ့ဘဲ လုံခြုံရေးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

play

 

ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆဲလ်တစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ပွဲစဉ်မှာ ဆဲလ်တစ်အသင်းရဲ့ပရိသတ်တစ်ဦးက ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ဘတ်ပေးဆီကို ပြေးလာပြီး ခြေထောက်နဲ့ ကန်ခဲ့ပါတယ်။

play

 

ဒါပေမယ့် သူ့ရဲ့ကန်ချက်ကို ဘတ်ပေးက ရှောင်လိုက်နိုင်ပြီး လုံခြုံရေးတွေက လာရောက်ဖမ်းဆီးရာမှာ အဖမ်းမခံဘဲ ပတ်ပြေးနေခဲ့ပြီး နောက်ဆုံးမှာ လုံခြုံရေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

play

 

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆဲလ်တစ်အသင်းရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာက "အဲဒီကိစ္စဟာ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ ခင်ဗျားဆိုရင်လည်း ပရိသတ်တွေကို မြက်ခင်းပေါ်မှာ ပြေးလွှားနေတာ မြင်ချင်မလား"

"တော်တော်လေး စိတ်ပျက်ဖို့ကောင်းတဲ့အပြုအမူပါ။ အဲဒီပရိသတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အသင်းက အဲဒီပရိသတ်နဲ့ စကားပြောဖို့ရှိပါတယ်။ ကျွန်တော်တို့လည်း ခုလိုအဖြစ်အပျက်ကို မမြင်တွေ့ချင်ပါဘူး"

play

 

ယင်းဖြစ်ရပ်ဟာ ကာဗာနီက ပီအက်စ်ဂျီအသင်းအတွက် ၃ ဂိုးမြောက်ဂိုးကို သွင်းယူပြီးနောက် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ယင်းကဲ့သို့သော ဖြစ်စဉ်များနဲ့ပတ်သက်ပြီး မသိချင်ယောင်ဆောင်လေ့ရှိပြီး ဆဲလ်တစ်အသင်းဟာ အုပ်ချုပ်ရေးစည်းမျဉ်းလုပ်ငန်းစဉ်တွေနဲ့ စိမ်းတဲ့အသင်းတော့ မဟုတ်ပါဘူး။

Postby

 

ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်တုန်းကလည်း ဆဲလ်တစ်အသင်းရဲ့ပရိသတ်တစ်ဦးဟာ မန်ချက်စတာစီးတီးအသင်းရဲ့ပရိသတ်တစ်ဦးနဲ့ ပွဲချိန် ၇၃ မိနစ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ဆဲလ်တစ်အသင်းကို အရေးယူခဲ့ဖူးပါတယ်။

Source & Photos: Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ